* love is when ,
You are hurt like hell but you still miss the person who hurt you .*
" Chanyeol ဒီနေ့စာရင်းကူစစ်ပေးလို့ရမလား အများကြီးမဟုတ်ပေမယ့် ...စာရင်းသေးသေးမွှားမွှားလေးတွေကွာ တစ်ယောက်တည်းမလုပ်ချင်လို့ "
အဲ့စာရင်းသေးသေးမွှားမွှားလေးတွေကသူလဲမလုပ်ချင်၊ ပုစိပေါက်စလေးများနှင့် amount သိပ်မများသောကုန်ပစ္စည်းလေးများအား အာရုံစိုက်စစ်ဆေးရသည်မို့ စာရင်းကအများကြီးမဟုတ်သော်ငြား အာရုံစိုက်ရသဖြင့် မသက်သာလှ ...
"ငြင်းလို့ရလား ? "
"မလုပ်ချင်ဘူးဆို ဘယ်တင်နိုင်ပါ့မလဲ ငါ့ဘဝနဲ့ ငါပေါ့ "
အလုပ်စဝင်ကတည်းက သူ့အပေါ်ဂရုစိုက်ပေးသော စီနီယာမို့ သူအားနာသွားသည် ။ သို့သော်သူတဂယ် ထိုစာရင်းအားကူမစစ်ချင်ပါ ။ ထိုစီနီယာကလဲ မျက်နှာကိုတမင်ငယ်ပြကာ သူမသနား ,သနားအောင် မှိုင်ပြ ၊ ထွေပြနေလေသည် ။
*message ring *
ထိုအချိန်တွင် message ရောက်လာတာမို့ ဖွင့်ဖတ်လိုက်တော့ hyung ဆီမှဖြစ်နေလေသည်။
*ညနေ ဝတ်စုံစမ်းဝတ်ကြည့်မလို့ လိပ်စာပို့ပေးလိုက်မယ် လာခဲ့ *
Message ဖတ်ပြီးပြီးချင်းလူက ဘာမှတွေးတောလို့မရတော့ ...ဘယ်လိုစိတ်မျိုးနဲ့များ hyung က သူနဲ့သူ့သတို့သမီး မင်္ဂလာဝတ်စုံစမ်းဝတ်ကြည့်ဖို့ကို ဘာလို့ သူ့ကိုခေါ်နိုင်ရက်ရတာလဲ ...ဘယ်လိုခံစားရမလဲဆိုတာသိသိကြီးနဲ့ ...မထင်ရက်ပေမယ့် hyung ကရက်စက်ပါသည် ။
*ကျွန်တော် ဒီညအချိန်ပိုဆင်းရမှာ hyung နောက်မှ ကိုယ့်ဘာသာသွားဝတ်ကြည့်လိုက်မယ် *
စာပြန်ပို့အပြီး ဆုံးဖြန်ချက်တစ်ခု ခိုင်မာစွာချလိုက်ကာ ...
"စီနီယာရေ ကျွန်တော်ဒီညစာရင်းကူစစ်မယ် အဲ့အစား ညစာကောင်းကောင်းကျွေးပါ "
စောစောကတောင်ငြင်းဆန်ပြီး အခုမှလုပ်မယ်ဟု chanyeolက ထပြောတာမို့ မျောက်မှိုင် , မှိုင်ပြနေသော စီနီယာ၏ မျက်ဝန်းများအရောင်လက်သွားကာ သူ့ကိုကျေးဇူးတင်သည် ဆိုသောအနေဖြင့် heart sign အမျိုးမျိုးကို သူ့အားလုပ်ပြနေလေသည် ။ရယ်မောကာ ခေါင်းသာအသာခါယမ်းမိရင်း ...
YOU ARE READING
November Rain
FanfictionI'm so glad the universe let me meet you ❤ Amazing cover photo by Xback-KHHK💚