My biggest mistake?
It wasn't falling for you ,It was thinking that you had falling for me too.
တစ်စုံတစ်ယောက်က ကိုယ့်ကိုချစ်ပါတယ်လို့ အတိအကျအသေအချာယူဆပစ်လိုက်ဖို့ ဘာတွေလိုအပ်ပါသလဲ ...
ပထမဆုံးတွေ့တဲ့နေ့က hyung ပေးဆော့ခဲ့တဲ့ စူပါမန်းအရုပ်လေးကြောင့်လား ?
ဒါမှမဟုတ်ကျောင်းဆင်းချိန်တိုင်း အိမ်မပြန်ဘဲ ကားလမ်းဘေး ပလက်ဖောင်းပေါ်ငုတ်တုပ် ထိုင်ရင်း သီချင်းနားထောင်ခဲ့ရတဲ့ နားကျပ်တစ်ဖက်ကြောင့်လား?
ဒါမှမဟုတ် ကျွန်တော်တို့လွယ်အိတ်တွေမှာချိတ်ထားဖြစ်ခဲ့တဲ့ ဆင်တူ keychain တွေ့ကြောင့် ?
ဒါမှမဟုတ်ရင် ....
ဒါမှမဟုတ်သေးရင် hyung ရဲ့အကြည့်နွေးနွေးတွေကြောင့် ?မျက်နှာချင်းဆိုင်ထမင်းဝိုင်းတွေဟာ အရင်လိုမချိုမြိန်တော့တာ ဆယ်ရက်နီးပါးရှိပြီ ...
ဖွင့်ပြောမိလိုက်တဲ့နေ့ကတည်းကစပြီးပေါ့
မျက်နှာမကောင်းတဲ့ hyung ရယ်
အရင်လိုသိပ်မမြူးနိုင်တဲ့ကျွန်တော်ရယ်
သားနှစ်ယောက်ကို မျက်နှာရိပ်မျက်နှာကဲ ကြည့်နေရတဲ့မေမေရယ် ။ဖွင့်ပြောမိတာကိုနောင်တမရပေမယ့် ဒါမျိုးအခြေအနေကြီးကိုတော့ Chanyeol မုန်းသည် ။
ချစ်နေတာကိုပေးသိချင်တဲ့စိတ်ရယ် သူသာပွင့်လင်းလိုက်ရင် hyung ကလဲလက်ကမ်းပေးမှာဘဲဆိုတဲ့ အတွေးမှားတွေရယ် ။မချိပြုံးသာပြုံးမိရတော့သည်။
မှန်းချက်နဲ့နှမ်းထွက်မကိုက်သည့်ပြင်အခြေအနေတွေက တစ်ဖက်စောင်းနင်းဆိုးရွားသွားလိုက်တာများ hyung က လက်ထပ်ပါမည်ဟုဆိုကာ ဇနီးလောင်းအိမ်ခေါ်လာသည်အထိ။
မေမေကတော့ တစ်ခုခုဖြစ်နေမှန်း သိနေပေမယ့် ဘာမှန်းမသိသေးတာဖြစ်သည် ။ သူသာ hyung ကိုတခြားစိတ်နဲ့ချစ်နေတယ်ဆိုတာမျိုးသာသိရင် မေမေလဲသူ့အပေါ်ခါးသီးသွားလေမလား ?
YOU ARE READING
November Rain
FanfictionI'm so glad the universe let me meet you ❤ Amazing cover photo by Xback-KHHK💚