Part 5

2.6K 192 0
                                    

သူ
.............
အပိုင်း(၅)
.......................

ကြယ်သစ်လင်း

"ကြည်ပြာနိုင်ကို ဘယ်တော့မှမယူနိုင်ဘူးအဖေ"

"ဘာ...ဘာအကြောင်းပြချက်နဲ့လဲ မင်းမှာလဲချစ်သူရည်းစားရှိတာမဟုတ်ပဲနဲ့ ဘာလို့ဒီလောက်ငြင်းနေတာလဲ မိဘကကောင်းမယ်ထင်လို့စီစဉ်တာကိုအသာတကြည်လက်ခံလိုက်ပေါ့"

"အဖေတို့က ကောင်းမယ်လို့ထင်ပေမဲ့ ကောင်းမလာနိုင်တာကျွန်တော်သိနေတယ်လေ။ ပြီးတော့ ချစ်သူရည်းစားကမရှိတာမဟုတ်ဘူး။မထားသေးတာ။ ဒါပေမဲ့သေချာတာက ထားဖြစ်ရင်လဲအဖေတို့မျှော်လင့်ထားသလို ချွေးမတော့မဟုတ်ဘူး"

ဟမ်...သူ့စကားကဘယ်လိုအဓိပ္ပါယ်ကြီးပါလိမ့်...သူနဲ့ယူမှတော့ သူ့အဖေရဲ့ချွေးမဖြစ်မှာပေါ့။ ဒါ...ဒါဆို သူကရောငါ့လို...gay များလား?
ကျွန်တော်နားထောင်နေရင်းရင်တလှပ်လှပ်ဖြစ်လာသည်။
ဒီလိုကိစ္စကိုမိဘတွေကိုပြောပြတယ်ဆိုတာတော်ရုံသတ္တိတော့မဟုတ်။

ကျွန်တော် gay ဆိုတာတောင်အိမ်ကသိတာမဟုတ်ပေ။

"မိုးယံထက်."..မင်းစကားကဘာစကားလဲ

"ကျွန်တော့်ချစ်သူကယောကျာ်းလေးတစ်ယောက်ပဲဖြစ်မှာ"

"ဘာကွ.."..မင်း

"ခွပ်..."

"ဒုန်း"

သူ့အဖေထပြီးထိုးလိုက်သလားမသိ။ ပြီးတော့ဝှီးလ်ချဲလ်ပေါ်ကပြုတ်ကျသံကြားလိုက်ရသည်။ ကျွန်တော်ထွက်သွားပြီးဆွဲရကောင်းမလား။ သူများမိသားစုအရေးမို့ဒီတိုင်းပဲထားလိုက်ရမလား။ ဝေခွဲမရဖြစ်နေမိသည်။
ထိုစဉ်

"အဖေ"

"ထက်."..ဘယ်လိုဖြစ်ကြတာလဲ

သူ့အစ်မတွေရောက်လာတာပဲ ဖြစ်ရမည်။

"ဒီကောင်လူပါးဝနေတာ...ငါကွာ..."

"တော်ပါတော့အဖေရယ် ပြေပြေလည်လည်ပြောလဲရနေတာပဲကို လာပြန်ကြမယ်။ မနက်မှပဲဖြစ်ဖြစ်ပြန်လာကြတာပေါ့"

ခဏနေတော့ကားစက်နှိုးသံတွေကြားရလေသည်။ သူတို့ပြန်သွားကြပြီမို့ကျွန်တော်အခန်းထဲကပြေးထွက်ခဲ့ကာ

"အကို."..လာ...ကျွန်တော်ထူပေးမယ်

ကျွန်တော်ပြောရင်းနှင့်သူ့အနားရောက်သွားတော့ သူက လက်ကိုကျွန်တော့်ပခုံးပေါ်တင်လိုက်ကာ အားပြုပြီးထလေသည်။
သူ့ကို ဝှီးလ်ချဲလ်ပေါ်ထိုင်လို့ရအောင်တွဲပေးလိုက်တော့သူကအခန်းထဲဝင်သွားလေသည်။

ကျွန်တော်လဲသူ့နောက်ကနေလိုက်ခဲ့ကာ ကုတင်နားရောက်တော့သူကုတင်ပေါ်တက်ဖို့တွဲပေးရပြန်သည်။

"မျက်နှာမှာညိုနေတာပဲ."..အကို...ကျွန်တော် ရေခဲကပ်ပေးမယ်နော်..ခဏ

ခေါင်အုံးတွေဆင့်ကာသူ့ကိုခပ်လျောလျောမှီထိုင်ခိုင်းလိုက်ပြီးနောက် ကျွန်တော် ရေချိုးခန်းထဲမှာပဝါလေးယူပြီးတော့ နောက်ဖေးကိုသွားရလေသည်။ ရေခဲသေတ္တာထဲမှာရေခဲအချို့ရှိနေလို့တော်သေးရဲ့။ကျွန်တော်ပဝါလေးထဲရေခဲအချို့ထည့်ကာ ထုပ်လိုက်ပြီးပြန်လာခဲ့သည်။

သူ့ကုတင်ပေါ်တက်ကာ အနားမှာထိုင်လိုက်တော့ သူကမျက်နှာကိုဟိုဘက်အသာငဲ့ပေးလေသည်။ ကျွန်တော်သူ့ရဲ့ညိုနေတဲ့မေးရိုးနားကို ညင်သာစွာတို့ထိပေးတော့ ကျွန်တော်မြင်နေရတဲ့သူ့ရဲ့မျက်ခုံးစွန်းလေး တွန့်ခနဲဖြစ်ဖြစ်သွားပုံက သူနာကျင်နေတာရဲ့သက်သေများလား။

ရေခဲနဲ့ကပ်ပေးပြီးတော့ သူ့ဆေးသေတ္တာယူကာ ညှစ်ဆေးလေးလိမ်းပေးလိုက်လေသည်။

"ကျေးဇူးင်းလဲအိပ်တေမာ့"

သူWhere stories live. Discover now