Part 8

798 41 0
                                    

သူ

.............

အပိုင်း(၈)

...................

ကြယ်သစ်လင်း

လူတစ်ယောက်နှင့်တိုက်မိပြီဆိုတာ သိလိုက်ပေမဲ့ အရှိန်ထိန်းချိန်မရလိုက်။ ဒါပေမဲ့ ပြုတ်ကျမသွားတာက ထိုသူက သူ့ရင်ခွင်ထဲကျွန်တော့်ကိုတင်းတင်းကျပ်ကျပ်ဖက်ထားတာကြောင့်ဖြစ်သည်။

ဘယ်သူမှန်းသိလိုက်တာနှင့် မျက်ရည်တို့က တစ်ဖန်ကျမိပြန်သည်။

"လွှတ်...ခင်ဗျား..."

ကျွန်တော်အတင်းရုန်းနေပေမဲ့ သူကမလွှတ်။ ထွားကျိုင်းလှသောသူ့ရဲ့ရင်ခွင်ထဲမှာ ကျွန်တော့်တစ်ကိုယ်လုံးပျောက်နေလေသည်။

"ကြယ်လေး...ကိုယ်ပြောတာနားထောင်ပါဦးကွာ...နော်..."

"နားမထောင်ချင်ဘူး။ဘာမှမပြောနဲ့။ခင်ဗျား ကျွန်တော့်ကိုလိမ်တယ်...အီး...ဟီးဟီး"

စိတ်တိုတိုနှင့်ထုရိုက်ပစ်တာကိုလဲ သူက ဒီအတိုင်းပဲ ငြိမ်နေပေးပါသည်။

ကျွန်တော်မောပြီးငြိမ်သွားတော့မှ သူက ကျွန်တော့်ကျောလေးကို သပ်ပေးနေလေသည်။ ကျွန်တော်ကတော့ အခုထိရှိုက်လို့ကောင်းနေတုန်းပင်။

"မောနေပြီတွေ့လား။အဲ့ဒါကြောင့်ပြောတာနားထောင်ပါဦးဆို"

သူကပြောတော့ ကျွန်တော်မော့ကြည့်ကာမျက်စောင်းထိုးပစ်လိုက်သည်။

"ဟောဗျာ...မျက်ရည်တွေကအခုထိရှိနေတုန်းပါလား"

သူကကျွန်တော့်မျက်နှာကို သူ့လက်ဖဝါးတွေနဲ့ကိုင်ကာ မျက်ရည်တွေကိုသူ့လက်မတွေနဲ့သုတ်ပေးလေသည်။

ကျွန်တော် သူ့လက်တွေကိုဖယ်ချပစ်မလို့လုပ်တော့...

"အဲ့လိုမဆိုးရဘူးလေကွာ။လာ..ခဏထိုင်ကြမယ်နော်"

သူက ကျွန်တော့်နှုတ်ခမ်းကို ပြွတ်ခနဲနမ်းလိုက်ပြန်ကာ သဲသောင်ပေါ်မှာပဲ ထိုင်ချလိုက်လေသည်။ ကျွန်တော့်ကိုတော့ သူ့ရင်ခွင်ထဲထွေးဖက်ထားလေသည်။

"ကိုယ်ပြောပြမယ်။ ငြိမ်ငြိမ်လေးနားထောင်နော်"

ရေလှိုင်းလေးတွေကို ငေးကြည့်နေရင်း သူပြောလာမည့်စကားတွေကို စောင့်စားနေမိသည်။

သူWhere stories live. Discover now