သူ
..............
အပိုင်း(၇)
.....................
ကြယ်သစ်လင်း
"ဟာ"
မှိတ်ထားမိသောမျက်လုံးတွေကိုကမန်းကတမ်းပြန်ဖွင့်လိုက်ရသည်။ ရှက်လိုက်တာ မျက်နှာကိုဘယ်သွားဝှက်ရမလဲမသိ။
"ဆော...ဆောရီးပါ...မ...မသိလိုက်လို့"
သူတို့ကလဲပြာပြာသလဲတောင်းပန်ကာ တံခါးကိုပြန်ပိတ်သွားကြသည်။ ကျွန်တော်ထထွက်သွားဖို့လုပ်တော့ သူကမလွှတ်ပေးပဲ
"ကြယ်လေး...အရမ်းရှက်သွားလား"
ကျွန်တော်ခေါင်းလေးအသာညိတ်ပြတော့ သူက ကျွန်တော့်ခေါင်းလေးကိုပွတ်နေလေသည်။
"ဒါဆို အိမ်ရောက်မှနော်"
"အကိုနော်...ဘာမှန်းလဲမသိဘူး"
သူကရယ်နေကာ ကျွန်တော့်နဖူးလေးကိုအနမ်းခြွေလိုက်လေသည်။
"ကိုယ်သွားလိုက်ဦးမယ် ကြယ်လေး"
ကျွန်တော်သူ့အနားထိုင်နေရာမှထလိုက်တော့ သူက ဝှီးလ်ချဲလ် ကိုတွန်းကာထွက်သွားလေတော့သည်။
ခဏနေတော့ သူ့ဝန်ထမ်းအချို့ရောက်လာကြကာ ကျွန်တော်စားဖို့ခင်းကျင်းပေးလေသည်။
"သူကကြာမှာလားဟင်"
"ဗျာ...ဘယ်သူ့ကိုပြောတာလဲမသိဘူး"
"ဟို...ကိုမိုးယံထက်လေ.."
"ကျွန်တော်လဲမသိဘူးခင်ဗျ"
တစ်ယောက်တည်းလည်းမစားချင်တာမို့ သူ့ကိုစောင့်နေဖို့ဆုံးဖြတ်လိုက်သည်။ အချိန်ရနေတာမို့ ကျွန်တော်ဖုန်းဖွင့်ကာအင်တာနက်သုံးနေလိုက်သည်။ ဟိုမိုအကောင့်လေးတစ်ခုဖွင့်ထားတာမို့ ကိုယ်နှင့်ဝါသနာတူတွေတွေ့ရပြီး အချစ်ဝတ္ထုလေးတွေလဲဖတ်ခွင့်ရလေသည်။
"Album နဲ့ဇာတ်လမ်းတွေပြန်စုထားတာပါလား။ကောင်းလိုက်တာ"
တစ်ယောက်တည်းပြောနေမိရင်း ကိုယ်ကြိုက်နှစ်သက်ရသည့် စာရေးဆရာရဲ့ ဝတ္ထုလေးတွေကိုပြန်ဖတ်နေမိသည်။
အချိန်ဘယ်လောက်ကြာသွားသည်မသိ။ဇာတ်လမ်းတွေထဲမှာမျောနေတာပတ်ဝန်းကျင်ကိုတောင်သတိမထားမိတော့ပါ။
YOU ARE READING
သူ
Romanceအိမ်တစ်အိမ်ကို လူနာပြုစုဖို့ လာတဲ့ သူနာပြုကောင်လေးတစ်ယောက် ဘယ်လိုလူထူးဆန်းနဲ့တွေ့ပြီး ပြဿနာတွေဖြစ်ကြဦးမလဲ။ P.S I didn't own this photo