သူ
အပိုင်း(၂)
............................
ကြယ်သစ်လင်း
"ဘာဖြစ်တာလဲကွ...အရုပ်ကိုလန့်စရာလား"
သူကသာလန့်စရာလားပြောနေတာ အရုပ်ကသူနဲ့တစ်ထပ်တည်းတူလေသည်။ အရုပ်ကတောင် ကိုယ့်ထက် အရပ်မြင့်နေတာမို့လှည့်ထွက်လိုက်တော့ လန့်သွားတာဖြစ်သည်။
"ခင်ဗျား...လူကိုနောက်စရာများမှတ်နေလား"
သူ့ကိုရန်တွေ့ပြီးရေပြန်ဖြည့်ကာ သူ့ဆီပြန်လျှောက်လာခဲ့သည်။သူ့အရုပ်ကိုတော့ သူကကုတင်ပေါ်ကနေ remote နဲ့ နဂိုနေရာပြန်ထားလိုက်ပြီဖြစ်သည်။ ကျွန်တော်လဲအရုပ်ထားတဲ့နေရာကို သေချာကြည့်ထားပြီး နောက်ဆိုသတိထားမှ လို့တွေးလိုက်မိသေးသည်။
မျက်နှာသုတ်ပဝါ အဖြူရောင်လေးကို ရေဇလုံထဲနှစ်ကာ ရေပြန်ညှစ်လိုက်သည်။ ပြီးတော့မှ သူ့ဆီလက်ကမ်းလိုက်တော့
"ကုန်းကုန်းကြီးမလုပ်နဲ့လေ...ဒီပေါ်လာထိုင်"
လူကိုထပ်ပြီး ဆွဲလိုက်ပြန်တာမို့ သူ့ဘေးကိုထိုင်ရက်ကျသွားသည်။
"ခင်ဗျား စကားပြောရင် လက်မပါပါနဲ့"
ကျွန်တော်သူ့ကိုရန်တွေ့လိုက်ရင်းသူ့မျက်နှာကိုသေချာကြည့်လိုက်မိတော့ လူကဘယ်လိုဖြစ်သွားသည်မသိ။နှလုံးခုန်သံတွေဆူညံလာသလို ခံစားလိုက်ရသည်။
သူက တစ်ချက်မှအကြည့်မလွှဲဘဲ စိုက်ကြည့်နေတာမို့ ကျွန်တော်ပဲမျက်လွှာပြန်ချကာ
"မျက်လုံးမှိတ်လေ။မဟုတ်ရင်ဘယ်လိုလုပ်ရမှာလဲ"
"မမှိတ်ချင်ပါဘူး"
ကျွန်တော့်ကို သေချာစိုက်ကြည့်နေကာ ပြောတာမို့ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိ ဖြစ်ရပြန်သည်။
"အဲ့ဒါဆိုလဲ ခင်ဗျားဘာသာလုပ်တော့"
ပဝါကို သူ့ဆီ လှမ်းပေးတော့ သူက လက်ကိုပါ ဆုပ်ကိုင်လိုက်လေသည်။ ကျွန်တော်အလိုလိုခေါင်းငုံ့မိသွားလေသည်။
"အမွှေးတွေပါရိတ်ပေးပါလား"
"အင်း"
သူက အခုထိ လက်ကိုမလွှတ်သေးတာကြောင့် အသာရုန်းလိုက်တော့ သူကလွှတ်ပေးကာ ရယ်နေပြန်သည်။
YOU ARE READING
သူ
Romanceအိမ်တစ်အိမ်ကို လူနာပြုစုဖို့ လာတဲ့ သူနာပြုကောင်လေးတစ်ယောက် ဘယ်လိုလူထူးဆန်းနဲ့တွေ့ပြီး ပြဿနာတွေဖြစ်ကြဦးမလဲ။