သူ
.............
အပိုင်း(၅)
.......................
ကြယ်သစ်လင်း
"ကြည်ပြာနိုင်ကို ဘယ်တော့မှ မယူနိုင်ဘူး။အဖေ"
"ဘာ...ဘာအကြောင်းပြချက်နဲ့လဲ မင်းမှာ ချစ်သူရည်းစားရှိတာလဲမဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက်ငြင်းနေတာလဲ။မိဘက ကောင်းမယ်ထင်လို့ စီစဉ်တာကို အသာတကြည်လက်ခံလိုက်ပေါ့"
"အဖေတို့က ကောင်းမယ်လို့ထင်ပေမဲ့ ကောင်းမလာနိုင်တာ ကျွန်တော်သိနေတယ်လေ။ ပြီးတော့ ချစ်သူရည်းစားက မရှိတာမဟုတ်ဘူး။မထားသေးတာ။ ဒါပေမဲ့သေချာတာက ထားဖြစ်ရင်လဲအဖေတို့မျှော်လင့်ထားသလို ချွေးမတော့မဟုတ်ဘူး"
ဟမ်...သူ့စကားကဘယ်လိုအဓိပ္ပါယ်ကြီးပါလိမ့်?သူနဲ့ယူမှတော့ သူ့အဖေရဲ့ချွေးမဖြစ်မှာပေါ့။ ဒါ...ဒါဆို သူကရောငါ့လို...gay များလား?
ကျွန်တော်နားထောင်နေရင်း ရင်တလှပ်လှပ်ဖြစ်လာသည်။
ဒီလိုကိစ္စကို မိဘတွေကို ပြောပြတယ်ဆိုတာ တော်ရုံသတ္တိတော့မဟုတ်။
ကျွန်တော် gay ဆိုတာတောင် အိမ်ကသိတာမဟုတ်ပေ။
"မိုးယံထက်...မင်းစကားကဘာစကားလဲ"
"ကျွန်တော့်ချစ်သူကယောကျာ်းလေးတစ်ယောက်ပဲဖြစ်မှာ"
"ဘာကွ...မင်း"
"ခွပ်"
"ဒုန်း"
သူ့အဖေက ထပြီး သူ့ကို ထိုးလိုက်သလားမသိ။ ဝှီးလ်ချဲလ်ပေါ်က ပြုတ်ကျသံပါ ကြားလိုက်ရသည်။ ကျွန်တော် ထွက်သွားပြီး ဆွဲရကောင်းမလား။ သူများမိသားစုအရေးမို့ ဒီတိုင်းပဲ ထားလိုက်ရမလား။ ဝေခွဲမရဖြစ်နေမိတုန်း
"အဖေ"
"ထက်...ဘယ်လိုဖြစ်ကြတာလဲ"
သူ့အစ်မတွေရောက်လာတာပဲ ဖြစ်ရမည်။
"ဒီကောင်လူပါးဝနေတာ...ငါကွာ..."
"တော်ပါတော့အဖေရယ်။ပြေပြေလည်လည်ပြောလဲရနေတာပဲကို။လာပြန်ကြမယ်။ မနက်မှပဲဖြစ်ဖြစ်ပြန်လာကြတာပေါ့"
ခဏနေတော့ ကားစက်နှိုးသံတွေ ကြားလိုက်ရသည်။ ကိုမိုးယံထက်ရဲ့ အဖေရော၊အစ်မတွေပါ ပြန်သွားကြပြီမို့ ကျွန်တော်အခန်းထဲက ပြေးထွက်ခဲ့ကာ
YOU ARE READING
သူ
Romanceအိမ်တစ်အိမ်ကို လူနာပြုစုဖို့ လာတဲ့ သူနာပြုကောင်လေးတစ်ယောက် ဘယ်လိုလူထူးဆန်းနဲ့တွေ့ပြီး ပြဿနာတွေဖြစ်ကြဦးမလဲ။