သူ
...............
အပိုင်း(၃)
.....................
ကြယ်သစ်လင်း
"ကိုမိုးယံထက်"
နောက်ထပ်တစ်ကြိမ် အော်ခေါ်လိုက်သော်လည်း ပြန်ထူးသံမကြားရ။ မနက်က အစ်မကြီးပေးသွားသည့် လိပ်စာကတ်ကိုသတိရမိကာ ဘောင်းဘီအိပ်ကပ်ထဲက ထုတ်လိုက်သည်။
သူ့အစ်မအငယ်ဆီပဲ ဆက်ရကောင်းမလား၊ အစ်မအကြီးဆီ ဆက်ရမလား ဝေခွဲမရဖြစ်နေတုန်း
"အော်နေလိုက်တာကွာ ဆူညံနေတာပဲ"
နံရံကနေ လျှောတိုက်ပွင့်လာကာ သူကအခန်းတစ်ခုထဲကနေ ထွက်လာလေသည်။ အခန်းဝှက်တွေလုပ်ထားပုံက သူ့အိမ်ကို သူခိုးဝင်ရင်တောင် မျက်စိလည်လောက်သည်။ သူအပြင်ရောက်လာပြီးတော့ နောက်က တံခါးက သူ့အလိုလိုပြန်ပိတ်သွားကာ နံရံပုံစံအတိုင်း ပြန်ဖြစ်သွားသည်။
"ခင်ဗျား ဒီထဲဝင်သွားပြီး မရှိလို့ပေါ့ဗျ။ နောက်ဆို နည်းနည်းပါးပါး ပြောသွားဦး"
"ကိုယ့်အိမ်ထဲကိုယ် ဘယ်သွားသွားပေါ့။
မင်းဆီက ခွင့်ပြုချက်ယူနေရဦးမှာလား"သူပြောတော့လဲ ဟုတ်သလိုလိုရှိသားပဲ။ဒါပေမဲ့ အရှုံးမပေးနိုင်ပါ။
"ယူသင့်ရင်ယူရမှာပဲလေ။ကျွန်တော်က ဒီမှာခင်ဗျားကို စောင့်ရှောက်ပေးဖို့ ရောက်နေတာလေ"
"စောင့်ရှောက်ရအောင် ကိုယ်က ဘာဖြစ်နေလို့လဲ"
စိတ်ပေါက်ပေါက်နှင့် ပြန်ပြောလိုက်ရ မကောင်းဖြစ်တော့မယ်။
"ခင်ဗျားက အောက်ပိုင်းသေနေပြီး မထနိုင်မသွားနိုင် ဖြစ်နေလို့လေ" လို့ပြောလိုက်ရ ဒေါသတွေထွက်ပြီး အသက်ပါပျောက်သွားဦးမည်။
"တော်ပါပြီ ခင်ဗျားနဲ့မပြောတော့ဘူး။ဆေးသောက်ဖို့တွေလာကြည့်တာ ရော့"
ဆေးတွေယူပြီး ပေးလိုက်တော့ သူက လက်ဖြန့်ပြီး ယူသည်။
ဆေးသောက်ဖို့ပြဿနာမရှာဘူးပဲ လို့တွေးနေတုန်းရှိသေး
"မသောက်ချင်ဘူး"
အမှိုက်ပုံးထဲ ထည့်မလို့ ဟန်ပြင်နေတာကြောင့် ကျွန်တော်သူ့လက်ကိုအမြန်လှမ်းဆွဲလိုက်ရသည်။
YOU ARE READING
သူ
Romanceအိမ်တစ်အိမ်ကို လူနာပြုစုဖို့ လာတဲ့ သူနာပြုကောင်လေးတစ်ယောက် ဘယ်လိုလူထူးဆန်းနဲ့တွေ့ပြီး ပြဿနာတွေဖြစ်ကြဦးမလဲ။