သူ
.............
အပိုင်း(၄)
.......................
ကြယ်သစ်လင်း
"အ...အမေ့..."
"ဒုန်း"
အသံတွေကြားလိုက်ရတာကြောင့်
မော့ကြည့်လိုက်တော့ ခုနကအမျိုးသမီးကို ကြမ်းပြင်ပေါ် ထိုင်ရက်ဖြစ်နေတာကို တွေ့လိုက်ရသည်။ ကိုမိုးယံထက် တွန်းချလိုက်တာပဲဖြစ်ရမည်။"အရမ်း အရမ်းလုပ်တာပဲ ...ဟင့် ဟင့်"
သူက စားပွဲပေါ်ကိုအကြည့်ပြန်ပို့ကာ နေရာတကျဖြစ်အောင်ပြန်ထိုင်သည်။
"ယံလေး..ဒီမှာကြည့်ပါဦး။နာသွားပါတယ်ဆို"
"တိတ်စမ်း"
သူ့အသံက အကျယ်ကြီး ထွက်လာတာကြောင့် ကျွန်တော်တုန်ခနဲဖြစ်သွားသလို ဟိုအမျိုးသမီးလဲ နောက်ကိုခြေနှစ်လှမ်းလောက် ဆုတ်သွားလေသည်။ပြီးတော့ မျက်လုံးပြူးနှင့် သူ့ကိုကြည့်နေသည်။
"ဘယ်လိုအပြုအမူမျိုးတွေ လာလုပ်နေတာလဲ။မိန်းကလေးတန်မဲ့ ...တောက်...ငါမပြောလိုက်ချင်ဘူး။ ငါနဲ့ကင်းကင်းနေပါလို့မင်းကိုပြောထားတယ်မလား"
"ယံလေးကလဲ...ကြည်ပြာတို့က စေ့စပ်တော့မယ့်လူတွေပဲဟာကို"
"ထပ်မပြောနဲ့။ဒီမှာ ငါဒုက္ခိတဖြစ်နေတာမြင်လား။ဘာစေ့စပ်တာလဲ။ဘာမှမကြားချင်ဘူး။ မင်းအခုသွားတော့"
ဒေါသထွက်နေတဲ့ သူ့ပုံစံကကြောက်စရာပါ။ မင်းတွေငါတွေနဲ့ ပြောနေပုံက လူကောင်းသာဆို အခုပဲ ထပြီးထိုးသတ်တော့မည်ပုံပင်။
"ယံလေး"
"ကြည်ပြာနိုင်...ငါ့နာမည်ကိုအဲ့လိုမခေါ်နဲ့လို့ပြောထားတယ်မလား။ သွား...အခုထွက်သွား"
ဟိုမိန်းကလေးက သူ့မျက်နှာကို လက်နဲ့အုပ်ကာ ပြေးထွက်သွားတော့သည်။ ကျွန်တော်တောင် ကြားကနေ အားနာမိသလိုလို ဖြစ်နေပေမဲ့ သူကတော့ ဘာမှမဟုတ်သလို အေးအေးဆေးဆေးပဲ ပြန်ဖြစ်သွားလေသည်။
"ကလင်...ကလင်..."
"ဟုတ်ကဲ့...မိုးယံထက် ပြောနေပါတယ်"
YOU ARE READING
သူ
Romanceအိမ်တစ်အိမ်ကို လူနာပြုစုဖို့ လာတဲ့ သူနာပြုကောင်လေးတစ်ယောက် ဘယ်လိုလူထူးဆန်းနဲ့တွေ့ပြီး ပြဿနာတွေဖြစ်ကြဦးမလဲ။