သူ
အပိုင်း(၁)
..................................
ကြယ်သစ်လင်း
ခြံဝင်းထဲဝင်လာရင်း ဘေးဘီကိုကြည့်နေမိသည်။ခြံထဲမှာ အပင်တွေမျိုးစုံရှိပြီး လှလှပပလေးဖြစ်အောင်လဲလုပ်ထားလေသည်။ လျှောက်လမ်းဘေးမှာ ပန်းအိုးကြီးတွေကိုအစီအရီချထားပုံက လူချမ်းသာတွေရဲ့အိမ်မှန်းသိပ်ကိုသိသာစေသည်။
အိမ်အဝင်ဝကိုအရောက် အသာလေးငဲ့ကြည့်လိုက်တော့ ဧည့်ခန်းထဲတွင်ထိုင်နေသော လူကြီးတစ်ယောက်ကလှမ်းခေါ်လေသည်။
"သြော် မောင်မင်းသူ ပြောထားတဲ့ ကလေးနဲ့တူတယ် လာပါ ဝင်ခဲ့ပါ "
"ဟုတ်ကဲ့"
ထိုင်ဖို့လက်ဟန်နဲ့ပြတာမို့ အသာလေးဝင်ထိုင်လိုက်သည်။ခဏနေတော့ အိမ်ထဲကနေ ကောင်မလေးတစ်ယောက်ထွက်လာကာ အအေးခွက်နှင့်မုန့်အချို့လာချပေးလေသည်။
"ဒါနဲ့မောင်ရင့်နာမည်က"
"ကြယ်သစ်လင်းပါ အန်ကယ်"
"မိဘတွေကရောကွယ့်"
"အဖေတို့ကတော့ နယ်မှာပါ။ စိုက်ပျိုးရေးလုပ်ပါတယ်။ ကျွန်တော်က စီးပွားရေးနဲ့ကျောင်းပြီးထားတာပါ။သူနာပြုအလုပ်ကတော့ ဝါသနာပါလို့ လုပ်ဖြစ်တာပါ။သင်တန်းတွေ အကုန်တက်ထားပါတယ်။အခုလဲ ဆေးရုံမှာအချိန်ပိုင်းလုပ်နေပါတယ်။ အန်ကယ်ကြည့်ချင်ရင် သင်တန်းကပေးတဲ့အောင်လက်မှတ်တွေရှိပါတယ်ဗျ"
ကျွန်တော်ကထုတ်ပေးမလို့လုပ်တော့
"ရတယ် မောင်ရင် နေ...နေ...အရေးကြီးတာက အန်ကယ့်ရဲ့သားနဲ့အဆင်ပြေဖို့ပဲ...သူကနည်းနည်းစိတ်ကြီးတယ် မောင်ရင်ကပဲသည်းခံပေးပါ။ တတ်နိုင်သလောက်ပေါ့"
"ဟုတ်ကဲ့ပါခင်ဗျ...ဒါကတော့ကျွန်တော်တို့ရဲ့တာဝန်ပါ"
ကျွန်တော့်စကားဆုံးတာနှင့်
"ခွမ်း..."
"မကြီးတို့ကဘာဖြစ်စေချင်နေတာလဲ။အိမ်ကလူတွေက သနားစရာသတ္တဝါလိုကြည့်တာမဝသေးလို့ တခြားသူစိမ်းကိုပါခေါ်ပြီး လူကိုသက်သက်နှိပ်စက်ဦးမလို့လား။ကျွန်တော့်ဘာသာအေးဆေးနေပါရစေဗျာ"
YOU ARE READING
သူ
Romanceအိမ်တစ်အိမ်ကို လူနာပြုစုဖို့ လာတဲ့ သူနာပြုကောင်လေးတစ်ယောက် ဘယ်လိုလူထူးဆန်းနဲ့တွေ့ပြီး ပြဿနာတွေဖြစ်ကြဦးမလဲ။