သူ
..............
အပိုင်း(၆)
......................
ကြယ်သစ်လင်း
ကိုယ့်ရင်ခုန်သံကိုယ် ပြန်ကြားရလောက်အောင်စိတ်လှုပ်ရှားနေရင်း သူဖြေမယ့်အဖြေကို စောင့်နေမိသည်။ ဘာသံမှမကြားရဘဲ ခဏတိတ်သွားပြီး
"ဟားဟားဟား...ပါးစပ်နဲ့ပြောလဲရပါတယ်ကွာ မင်းကလဲ"
"နံရံမှာ နားတွေရှိတယ်တဲ့။ ဟိုအကွယ်လေးကနေ တစ်ယောက်ယောက်က ချောင်းနားထောင်ချင်ထောင်နေမှာ"
သူ့အသံက ကျွန်တော်ဒီနားမှာရှိနေတာကို သေချာသိနေတဲ့ ပုံစံမျိုးဖြစ်သည်။
"လာလေ...မင်းကိုငါ လိုက်ဧည့်ခံပါ့မယ်"
သူ့စကားဆုံးတာနှင့် ကျွန်တော် ထမင်းစားခန်းထဲကို လှစ်ခနဲပြန်ပြေးခဲ့သည်။
ခဏနေတော့ သူတို့နှစ်ယောက်ဝင်လာကြကာ
"မင်းဆိုင်ကဟာ မလား။အဝကို စားလိုက်ဦးမယ်"
"ငတ်လိုက်တာကွာ အဲ့လိုကောင်မျိုး စေတနာကိုမရှိဘူး"
သူတို့အချင်းချင်း စနောက်နေကြပြီးတော့မှ ကိုမင်းသူက ကျွန်တော့်ဘက်လှည့်ကာ
"ညီလေးလင်း ...ဒီကောင့်ကို သွေးပေါင်တိုင်းပြီး ဆီးချိုလေး ဘာလေးစစ်ပေးလိုက်ပါဦး"
"ဟေ့ကောင်...ဘာဆီးချိုမှမရှိဘူး...ငါ့ကိုဒုက္ခပေးဖို့ပဲချောင်းနေ"
နှစ်ယောက်က တစ်မျိုးစီကပြောနေပြီးကျွန်တော်လဲ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတာကြောင့် သူတို့ပြောလာမှာကိုပဲ စောင့်နေလိုက်သည်။
"ဒါဆိုလဲ အားဆေးထိုးပေးမယ်လေ"
"နေပါတော့ကွာ"
သူတို့ဘာသာ ရယ်နေပြီးမှ ကိုမင်းသူက ကျွန်တော့်ကို လှမ်းပြောလာသည်။
"အလကားစနေကြတာပါ။ညီလေးလင်း လာထိုင်လေ။စားပြီးပြီလား"
"ဟုတ်ကဲ့ ဆရာ။ စားပြီးပါပြီ"
ကျွန်တော်လဲဝင်ထိုင်လိုက်သည်။
"မင်း မသာလက်ဖက်နဲ့ မျက်နှာမလုပ်ပါနဲ့။ မိုးလင်းကတည်းက ကျွေးပြီးသား"
YOU ARE READING
သူ
Romanceအိမ်တစ်အိမ်ကို လူနာပြုစုဖို့ လာတဲ့ သူနာပြုကောင်လေးတစ်ယောက် ဘယ်လိုလူထူးဆန်းနဲ့တွေ့ပြီး ပြဿနာတွေဖြစ်ကြဦးမလဲ။