________ Zawgyi Version_________
ကျောင်းပိတ်ရက်များကို အလွမ်းများနှင့် ဖြတ်သန်းရဦးမည်။
အချိန်သည်က (၇)နာရီ။ ဒီအချိန်ဆို (၉)နာရီအချိန် practical class ကိုမီရန် ကားဂိတ်မှ (၆:၃၀)ထွက်သော ကားကို ကားဂိတ်မှာ ထိုင်စောင့် နေရတဲ့အချိန်ပေါ့။ ကားကိုပင်စောင့်နေရခြင်းမဟုတ် အမြဲအချိန်ဆွဲလုပ်ပြီး နောက်ကျတတ်သော ကိုကို့ ကိုလည်း ထယ်ယောင်း လည်တဆန့်ဆန့်နှင့် မျှော်ခဲ့ရသော အချိန်မျိုးပေါ့။ ဘေးလွယ်အိတ်ကို အမြဲ စတိုင်ကျကျလွယ်တတ်သော ကိုကို၊ ထိုအချိန်ဆို သူ့ဘေးလွယ်အိတ်ကို မလွယ်အားတော့ လက်ကကိုင် ၍ထမင်းချိုင့်တစ်ဖက်ဖြင့် ပြေးလာတတ်သည်။ တစ်ပြိုင်တည်းမှာပဲ ဂုတ်ထောက်နေသော ကိုကို့ဆံပင် တွေ လေထဲလွင့်လျက် မျက်နှာမှာချွေးများနဲ့ပေါ့။
ဦးတည်ရာကတော့ တစ်ခုတည်းပါ သူ့ချစ်သူ 'ထယ်ယောင်း'ဆီကိုပေါ့။"မောလိုက်တာ.... ထယ်ရာ။ နောက်ဆို ကိုကို့ ကိုအိမ်မှာ စောင့်ခေါ်ပါလား"
"အော်... ကိုကိုရယ် ပြောထွက်တယ်၊ လာခေါ်ချင်တာပေါ့၊ ကိုကို့မေမေကို ဘယ်လိုပြောပြီး စောင့်ခေါ်ရမှာလဲ၊ မေမေ ကျွန်တော်က မေမေ့သားရဲ့ ချစ်သူပါ၊ ကိုကို့ကို ကျောင်းသွားမလို့ လာခေါ်တာပါဗျ ၊ အဲ့ဒီလိုပြောရမှာလား"
ထယ်ယောင်း အဲ့ဒီလိုပြောတော့ မောနေတဲ့ကြားက ဆံပင်ကိုခါ၍ ကိုကိုရယ်တတ်တယ်။ ကိုကိုနှင့် ထယ်သည် တစ်လမ်းတည်း အိမ်ကလဲ မျက်စောင်းထိုးချင်း၊ ထယ်ယောင်းတို့ ချစ်သူဖြစ်နေကြသည်ကိုတော့ အိမ် နှစ်ဖက်မိဘများ မသိကြပါ။ သိလို့လဲ မဖြစ် ထယ်က တစ်ဦးတည်းသော သားမို့ ထယ်မိဘတွေက ထယ်ဆန္ဒကို လိုက်လျောပေးရင်တောင် ကိုကို့မိဘတွေက လိင်တူချစ်ခြင်းကို သဘောမကျလောက်ဘူးလို့ ထယ်ထင်တယ်။
ယခုလည်း ဒုတိယနှစ်ပြီး၍ ကျောင်းပိတ်ထားသော ကြောင့် ကိုကိုနှင့်မတွေ့ဖြစ်၊ Kakaotalk မှတစ်ဆင့် စကားပြောဖြစ်ကြသည်။ တစ်ခါတလေ ဖုန်းပြော ဖြစ်ကြတယ်။ ထယ်ယောင်း အိပ်သော အိပ်ခန်းကနေ ဆို ကိုကို့အိမ်ကို ကောင်းကောင်းမြင်ရတယ်။ ယခုလည်း ကိုကို မျက်နှာထွက်သစ်ချိန် ကိုကို့အနမ်းကို ယူရန် ပြတင်းပေါက်တွင် စောင့်နေခြင်းပါ။ အနမ်းဆိုလို့ ကိုကိုကျောင်းသွားတိုင်း ထယ်ယောင်းကိုပြောနေကျ စကားလေး သတိရမိပြန်တယ်။ ရထားခုတ်မောင်းသံ နှင့် ထယ်ရင်ခုန်သံ ဘယ်အရာက မြန်နေမှန်းမသိတဲ့ အချိန်မျိုးပေါ့။
YOU ARE READING
Cheated On Me
Fanfictionကိုကို့ရဲ့စိတ်တွေက ညအချိန် တိမ်ထူပြီးမှောင်မိုက်နေတဲ့ အချိန်တုန်းက တိမ်လွှာတွေအောက် ပုံးလျှိုးနေတဲ့ ကြယ်တစ်ပွင့်ကို မမြင်မိခဲ့ဘူး။ တိမ်ကင်းစင်သွားသလို ကြည်လင်သွားတဲ့အခါမှ ပေါ်လာတဲ့ကြယ်ပွင့်လေးကို ကိုကိုသိပ်ချစ်မိသွားပြီ လို့ပြောရင် ကြယ်လေးက ခင်ဗျား...