Chapter 18

4.2K 387 20
                                    

(Zawgyi Version)

တစ်နှစ်တောင်ကျော်လွန်ခဲ့ပြီ...
ကိုကိုနဲ့ကျွန်တော့ရဲ့ချစ်သူသက်တမ်း...

နေ့ရက် တစ်ရက်တိုင်း တစ်ရက်တိုင်းမှာ ကိုကို့ရဲ့ မြတ်နိုးယုယမှုတွေခံယူရင်း ထယ်ယောင်းပျော်မွေ့နေ ခဲ့တယ်....

ကိုကိုက ကတိတည်သောလူသားရယ်ပါ...
သူ့နဖူးထက် ခပ်ဖွဖွအနမ်းတစ်ပွင့်ပေးအပ်ခြင်းရယ်...
နွေးထွေးတဲ့ရင်ခွင်ကျယ်ထဲခိုနားစေခြင်းကလွဲပြီး
သူ့အပေါ် အခွင့်ရေးယူခြင်းမရှိ။

ကိုကိုရဲ့မြတ်နိုးယုယမှုတွေအောက်မှာ ထယ်ယောင်း ရဲ့အေးစက်တဲ့မျက်နှာဖုံးဟာ အလွှာလိုက်ကွာကျကုန် တယ်....

ဘာကြောင့်ဆို အလုပ်ကိစ္စနဲ့ပတ်သက်ရင် အရယ်အပြုံး မရှိ စကားနည်းသော ထယ်ယောင်းဟာ အမြဲတမ်းပြုံးရွှင် လျက် ဖော်ဖော်ရွေရွေပိုရှိလာခြင်းကြောင့်...
ဓာတ်ပုံလောကတွင် ထယ်ယောင်းနာမည်ဟာ ထိပ်ဆုံး စာရင်းမဝင်ရင်တောင် ထို့ထက်မလျော့သည့် နေရာတွင် ရှိသည်။

တစ်နေ့တစ်နေ့ စတူဒီယိုသို့ လှမ်းပို့သော လက်ဆောင် များစွာသာမက... တစ်ချို့ဆိုလျှင် အိမ်လိပ်စာတောင် စုံစမ်းပြီးပို့တတ်ကြသည်။

ထို့ထဲကမှ ထူးထူးဆန်းဆန်း...အချစ်သဝဏ်လွှာများက ကြားညှပ်ပါတတ်သေး၏။
တစ်ခါကဆို နီနီရဲရဲနှင်းဆီတစ်စည်းရယ် စာတစ်စောင် ရယ်သည် ကံမကောင်းစွာ ကိုကိုရှိနေတုန်း ရောက်လာ ခဲ့သည်။

ထယ်ယောင်းအား သဘောကျသူပေါင်းများစွာက လက်ဆောင်ပေးပို့ခြင်းကိုတော့ ကိုကို ဘာမှမဆိုခဲ့။
သို့သော်..ထိုနေ့က နှင်းဆီတစ်စည်းနဲ့စာတစ်စောင် ကြောင့် နှစ်ရက်လောက်စိတ်ကောက်သွားသေး သည်။

ကိုကိုစိတ်ကောက်တဲ့နည်းက ထူးဆန်းသား...
စိတ်ကောက်နေတဲ့နှစ်ရက်လုံး စတူဒီယိုထဲက ခြေ တစ်လှမ်းမရွေ့ဘဲ ထယ်ယောင်းအားထိုင်ကြည့်နေ ခြင်း။

ထိုအချိန်ကဆို ကိုကိုအကြည့်တွေအောက်မှာ ထယ်ယောင်းမနေတတ် မထိုင်တတ်... ဘာလုပ်ရမှန်းမသိ ပြာယာခတ်ခဲ့ဖူးသည်။

တစ်ကယ်ဆို ထိုပန်းစည်းနှင့်စာမှာ မည်သူဆီကပေးပို့ မှန်းတောင် ထယ်ယောင်းမသိ။ ထိုအမည်မသိပေးပို့ သူကြောင့် ကြားထဲက ထယ်ယောင်းမှာ ကိုကိုစိတ်ဆိုး ခြင်းကိုခံနေရသည်လေ။

Cheated On MeWhere stories live. Discover now