(Zawgyi Version)
စတူဒီယိုခန်းထဲတွင် ထယ်ယောင်း ဘောပင်တစ်ချောင်း နှင့် ရေးမှတ်နေမိသည်။
ကိုကို့ကိုလွမ်းသောအကြောင်းအရာများ...
ကိုကို့ကိုချစ်သောအကြောင်းအရာများ...ထိုအရာများအပြင် ကလေးဆန်ဆန် ကိုကို့ကို ဘယ်လို စိတ်ဆိုးကြောင်း... ဘယ်လိုချော့ရမည့်အကြောင်း..
နောက်ပြီး ကိုကိုပြန်လာရင် လုပ်ချင်သမျှ အရာတွေအား Note book ထဲတွင် ထယ်ယောင်းမှတ်ထား ဖြစ်သည်။အရင်က Note book ရေးရမှာပျင်းလွန်းသော ထယ်ယောင်းမှာ ဂျောင်ကုနဲ့ခွဲနေရတဲ့နေ့မှစပြီး Note book စရေးခဲ့သည်မှာ နေ့စွဲများက သက်သေ။
အစဉ်လိုက်သွားနေတဲ့ ရက်စွဲတွေကြောင့် ထယ်ယောင်း နေ့တိုင်းNote book ထဲတွင်ရေးမှတ်နေခဲ့ကြောင်း သိနိုင်သည်။အခုလဲ August 27 ရက်စွဲဖြင့် ထယ်ယောင်းရေးနေသော အကြောင်းအရာများကား...
***ကိုကို့အတွက် ထယ် surprise တစ်ခုလုပ်ပေးမလို့...
မနက်ဖြန်ဆို ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကနေ ကိုကို ရှိတဲ့ ယူအက်စ်သို့ ပေးပို့မည်။ ဒါပေမယ့်.. ကိုကို့လက်ထဲကို ရောက်လာမည့်နေ့က... မနက်ဖြန်လဲ မဟုတ် သဘက်ခါလဲမဟုတ်... စက်တင်ဘာ ၁ ရက်နေ့ ကိုကို ဒီလောကထဲကိုစရောက်လာတဲ့နေ့မှာ... ကိုကို့ဆီ ကိုရောက်လာလိမ့်မယ်...ကျယ်ပြောတဲ့လောကကြီးမှာ မွေးဖွားလာပြီး လူပေါင်းများစွာထဲကမှ ထယ်ကိုချစ်ပေးလို့ ကိုကို့ကို အရမ်းကျေးဇူးတင်တယ်...
အရမ်းလွမ်းတယ် ကိုကိုရယ်.... ကိုကို့ရဲ့မွေးနေ့ကို အတူတူဖြတ်သန်းချင်တယ်..မွေးနေ့ဆုတောင်းကို ထယ်က ပထမဆုံးပြောချင်တယ်.. ဒါ ပေ မယ့်....
တစ်မြေစီခြားနေတယ်ဆိုတဲ့အသိက နှလုံးသားကို ထိုးနှက်တယ်ကိုကို။ဒီနှစ် ကိုကို့မွေးနေ့ကို အတူဖြတ်သန်းခွင့် မရနိုင်ပေမယ့်
နောက်နှစ်က စပြီး တစ်သက်လုံးအတူတူဖြတ်သန်း ကြမယ်....***ကိုကို့အတွက်ရေးသီတဲ့ ကိုကိုဖတ်ခွင့်မရှိသော note book မှ လောလောလတ်လတ် မှင်တောင်မခြောက်သေးသော စာမျက်နှာထက်သို့ ပူနွေးနွေးမျက်ရည်တစ်စက် ကျဆင်းလာတယ်။
YOU ARE READING
Cheated On Me
Fanfictionကိုကို့ရဲ့စိတ်တွေက ညအချိန် တိမ်ထူပြီးမှောင်မိုက်နေတဲ့ အချိန်တုန်းက တိမ်လွှာတွေအောက် ပုံးလျှိုးနေတဲ့ ကြယ်တစ်ပွင့်ကို မမြင်မိခဲ့ဘူး။ တိမ်ကင်းစင်သွားသလို ကြည်လင်သွားတဲ့အခါမှ ပေါ်လာတဲ့ကြယ်ပွင့်လေးကို ကိုကိုသိပ်ချစ်မိသွားပြီ လို့ပြောရင် ကြယ်လေးက ခင်ဗျား...