_______Zawgyi Version______
ချယ်ရီတွေကို ဓာတ်ပုံရိုက်ယူရင်း ပုခုံးပေါ်ရောက်လာ တဲ့အထိအတွေ့ တစ်ခုကြောင့် ထယ်ယောင်း နောက် လှည့်ကြည့်မိသည်။
"ထယ်...အရောင်တွေမှာ အဓိပ္ပာယ် အမျိုးမျိုး ရှိတယ် ဆိုတာ သိလား.."
ထယ်ယောင်း ခေါင်းညိမ့်ပြလိုက်တယ်။
"ဒါဆို အဖြူရောင် tulip တွေရဲ့ အဓိပ္ပါယ်ကိုရော..."
ထယ်ယောင်း ဒီတစ်ကြိမ်တော့ ခေါင်းခါပြလိုက်တယ်။
အမှန်တော့ အဖြူရောင် tulip တွေရဲ့ အဓိပ္ပာယ် ကို ထယ်ယောင်း သိနေသည်။ဓာတ်ပုံဆရာတစ်ယောက် ရဲ့လမ်းကို စလျှောက်လမ်းကထဲက အရောင်တွေရဲ့ နက်နဲတဲ့ အဓိပ္ပာယ် တွေကို ထယ်ယောင်းလေ့လာခဲ့ တယ်။
ဒါပေမယ့်... ကိုကို ဘာဆက်ပြောမလဲဆိုတာကို သိချင်မိတဲ့အတွက်ကြောင့် ထယ်ယောင်း ခေါင်းခါ ခဲ့ခြင်းပင်။
"အဖြူရောင် tulip တွေက လေးနက်တဲ့ အချစ်၊ ဖြူစင်ရိုးသားမှု နဲ့ ဘဝသစ်စတင်ခြင်း ဆိုတဲ့ အဓိပ္ပာယ် တွေ ယူဆောင်တယ်..."
ရုတ်တရက် ထယ်ယောင်းမျက်စိရှေ့သို့ ရောက်လာ သည့် အဖြူရောင် tulip တစ်ပွင့်နဲ့အတူ ဒူးထောက် လိုက်တဲ့ ဂျောင်ကု။
ထယ်ယောင်းသိတဲ့ အဖြူရောင် tulip ရဲ့ အဓိပ္ပာယ် တွေထဲ တစ်ခုကျန်နေသေးသည်။ ကိုကို့လက်ထဲ မှ အဖြူရောင် tulip တစ်ပွင့်ဟာ ထယ်ယောင်း၏ ဟန်ဆောင်ခြင်း နားကျည်းခြင်းတို့ကို ဟန်ချက်ပျက် စေ ခဲ့ပြီ။
"ဒီ အဖြူရောင် tulip တစ်ပွင့်က ထယ့်ဆီက ခွင့်လွှတ်မှုတောင်းခံတဲ့ ကိုကို့ရဲ့ နှလုံးသားတစ်စုံလုံး ကို ကိုယ်စားပြုတယ်...ထယ်.."
မျှော်လင့်ထားတဲ့စကားလုံးတွေ ကိုကို့နှုတ်ခမ်းမှ ထွက် လာသော်လည်း ထယ်ယောင်း ငိုမိသည်။ ပျော်ရွှင်မှုကြောင့်လား ဝမ်းနည်းခြင်းကြောင့် လားမသိနိုင်လောက်အောင်ကို ငိုကြွေးမိသည်။
ဒူးထောက်လျှက်ရှိသော ကိုကိုရှေ့မှ ထယ်ယောင်း ခြေလှမ်းတို့ တစ်လှမ်းချင်း နောက်ဆုတ်လျက်...
"ဘာ လို့ ထား ခဲ့ တာ လဲ...."
ငိုရှိုက်သံတွေကြားမှ လေးနှစ်လုံးလုံး ထယ်ယောင်း သိချင်နေခဲ့တဲ့ မေးခွန်းတစ်ခုကို မေးခဲ့တယ်။
YOU ARE READING
Cheated On Me
Fanfictionကိုကို့ရဲ့စိတ်တွေက ညအချိန် တိမ်ထူပြီးမှောင်မိုက်နေတဲ့ အချိန်တုန်းက တိမ်လွှာတွေအောက် ပုံးလျှိုးနေတဲ့ ကြယ်တစ်ပွင့်ကို မမြင်မိခဲ့ဘူး။ တိမ်ကင်းစင်သွားသလို ကြည်လင်သွားတဲ့အခါမှ ပေါ်လာတဲ့ကြယ်ပွင့်လေးကို ကိုကိုသိပ်ချစ်မိသွားပြီ လို့ပြောရင် ကြယ်လေးက ခင်ဗျား...