Chapter 9

5.7K 500 2
                                    

_______Zawgyi Version ______

ဂီဟျောင်းက ကတိဖျက်ရုံတင်မက...ခြိမ်းခြောက်ပြီး တော့ပါ သူ့ကို ဂျောင်ကုနဲ့သွားခိုင်းသည်မို့ ထယ်ယောင်း ဆောင့်ကြီးအောင့်ကြီးနှင့် အပေါ်ထပ် ကိုတက်လာပြီး အခန်းတံခါးကိုလဲ ဝုန်းခနဲမြည်အောင် ဆောင့်ပိတ်ပြစ်လိုက်သည်။

နောက်တော့ ကုတင်ပေါ်ဝမ်းလျားမှောက်ကာ ခေါင်း အုံးပေါ်မျက်နှာအပ်ရင်း...ဂီဟျောင်းလို့ မှတ်ယူကာ အော်ဟစ်ပြစ်လိုက်သည်။

"အကျင့်မကောင်းတဲ့ အဘိုးကြီး...အားးး....."

လက်ထဲမှခေါင်းအုံးအား စိတ်ရှိလက်ရှိ တဗုန်းဗုန်း ထုရိုက်လိုက် တစ်ခါတစ်ခါ သွားဖြင့် အားရပါးရ ကိုက်ပြစ်သည်။

*အခုချိန်တွင် ကိုကိုနဲ့ အတူတူ လျောက်လည်နိုင် လောက်တဲ့ထိ ထယ်ယောင်း မတည်ငြိမ်နိင်သေး။*

ဂီဟျောင်းရဲ့ ဂျူနီယာတစ်ယောက်လို့ သဘောထား ပြီး အတူတူသွားရမှာလား။

အရင်းနှီးဆုံး သူစိမ်းတစ်ယောက်လို သဘောထားပြီး အတူတူသွားရမှာလား။

တစ်ချိန်က ရူးရူးမူးမူးချစ်ခဲ့ပြီး အခုထိမမေ့နိုင်သေးတဲ့ ချစ်ရတစ်ယောက်လို့ သဘောထားပြီး သွားရမှာလား။

ဟင့်အင်း..ကိုကို...ဘယ်နည်းလမ်းမှ ထယ့်အတွက် အဆင်ပြေမနေဘူး... ကိုကိုဖြစ်နေတာမို့...

ထယ်ယောင်း အချိန်ဆွဲမနေတော့ဘဲ မြန်မြန်ရေချိုး အဝတ်စားလဲကာ ဂျောင်ကုမသိအောင် ထွက်သွား မည်ဟုသာ စဉ်းစားမိတော့သည်။

ပင်လယ်နဲ့နီးတဲ့ ဒယ်ဂူက ရာသီဥတု အေးတာမို့ နွေးနွေးထွေးထွေး ဖြစ်မယ့် အဝတ်အစားမျိုးဝတ်ပြီး
လက်စွဲတော် ကင်မရာလေးနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ယူကာ ထယ်ယောင်း လှေကားမှသွက်သွက်လေး ဆင်းလာခဲ့သည်။

သို့သော် ဧည့်ခန်းထဲတွင် ကားသော့ကိုင်ကာ အသင့် ထိုင်နေသော ဂျောင်ကုအား တွေ့လိုက်ရချိန် ထယ်ယောင်း ခြေလှမ်းတို့ရပ်တန့်သွားရသည်။

"ကိုကိုလိုက်ပို့မယ်နော်..ထယ်..."

"မလိုဘူး... ကျွန်တော် တစ်ယောက်ထဲသွားချင်တယ်.."

Cheated On MeWhere stories live. Discover now