(Zawgyi Version)
စတူဒီယိုတွင် တစ်နေကုန်အချိန်ဖြုန်းမည်ဟု ထယ်ယောင်းစဉ်းစားထားသော်လည်း.... သူ့၏ စိတ်နှလုံးအား တတိတိ နှိပ်စက်နေသော မှတ်ဥာဏ် တစ်ခု....
ထယ်ယောင်းရဲ့ ပကတိဖြူစင်နေသော စိတ်အစုံကား အိမ်မက်ထဲမှ ပုံရိပ်ယောင်တစ်ခုကြောင့် ညစ်နွမ်းသွား ရပြီ။
ကွန်ပျူတာ screen ရှေ့တွင် ထိုင်ပြီး အလုပ်ကိစ္စများ ဖြေရှင်းရန်ကြိုးစားနေသော်လည်း.... screen ပေါ်တွင် ကွက်ကွက်ကွင်းကွင်းပေါ်လာသော ကိုကို့ပုံရိပ်....
ဖုန်းကိုင်ကာ ဟိုနှိပ်ဒီနှိပ်လုပ်ပြန်သော်လည်း အလွတ်မပေးဘဲစိုးမိုးထားသော ကိုကို့ပုံရိပ်...
ထယ်ယောင်း ဘာကိုမှမလုပ်တော့ဘဲ ဆိုဖာထက်တွင် ခြေပစ်လက်ပစ်ထိုင်ကာ မျက်လုံးတို့အား မှိတ်ထားသော်....အနှီအိမ်မက်ထဲမှ ညို့အားပြင်းတဲ့ အကြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုကိုပုံရိပ်က ပီပီသသ အနှေးပြကွက်တစ်ခုလို ဦးနှောက်ထဲ အကွက်ကျကျ ပေါ်လာတဲ့အခါ ထယ်ယောင်းနှာခေါင်းမှ ပူနွေးနွေး အရည်တချို့စီးကျလာသလိုခံစားလိုက်ရသည်။
Wtf!!!!! နှာခေါင်းသွေးလျှံခြင်း........
ကယောင်ကတမ်း တစ်ရှူးဘောက်စ်အား ရှာသော်လည်းမတွေ့တာမို့ bathroom ထဲသို့ ပြေးရတော့သည်။ ဘေစင်တွင် ထိုနီပျစ်ပျစ်အရည်များ ပြောင်စင်အောင်ဆေးကြောပြီးတဲ့နောက် ထယ်ယောင်း မျက်ဝန်းမှ ကြည်လင်နေသော အရည်တစ်ချို့ စီးကျလာတော့တယ်။
*ဟီး....ဒါဘယ်လိုဖြစ်တာလဲ...သေလောက်အောင် ရှက်ဖို့ကောင်းတယ်..*
တကယ်ပင် ထယ်ယောင်း မငိုပဲ မနေနိုင်တော့...
သူ့အဖြစ်ကိုသာ ကိုကိုသိလျှင် ဘယ်လောက်တောင် ရယ်လိုက်မလဲ... သူ့ရဲ့ဖြူစင်မှုကြီးကို အနီရောင်ဆိုး သွားတဲ့ ထိုယုန်ဆိုးကြီးအား ခုတ်ထစ်ပြီး ဟင်းချိုချက်ပြစ်လိုက်ချင်တယ်။ထယ်ယောင်း အလုံပိတ်စတူဒီယိုခန်းထဲတွင် ဆက်ပြီး မနေချင်တော့။ ဒီထဲဆက်နေရင် သူ့သွေးတစ်ဂါလန် လောက် ဆုံးရှုံးသွားမလား မသိနိုင်ဘူးလေ။
ဒါကြောင့် ကုတ်အင်္ကျီလေးရယ် ကားသော့ရယ်ဆွဲပြီး ခြေဦးတည့်ရာ မောင်းနှင်သွားလိုက်တော့တယ်။
ထယ်ယောင်း အခက်ခဲကြုံတိုင်း ဖြေရှင်းပေးနိုင်တဲ့ နတ်သားလေး ဂျီမင်ကိုသတိရမိတဲ့အခါ ထယ်ယောင်း ၏ ခြေဦးတည့်ရာလမ်းကြောင်းက 3J သို့ပြောင်းလဲ သွား၏။
YOU ARE READING
Cheated On Me
Fanfictionကိုကို့ရဲ့စိတ်တွေက ညအချိန် တိမ်ထူပြီးမှောင်မိုက်နေတဲ့ အချိန်တုန်းက တိမ်လွှာတွေအောက် ပုံးလျှိုးနေတဲ့ ကြယ်တစ်ပွင့်ကို မမြင်မိခဲ့ဘူး။ တိမ်ကင်းစင်သွားသလို ကြည်လင်သွားတဲ့အခါမှ ပေါ်လာတဲ့ကြယ်ပွင့်လေးကို ကိုကိုသိပ်ချစ်မိသွားပြီ လို့ပြောရင် ကြယ်လေးက ခင်ဗျား...