(Zawgyi Version)
ထယ်ယောင်းမျက်လုံးတို့ကမှိတ်ထားလျက်...ခန္ဓာကိုယ် တစ်ခုလုံး အေးစက်စက်အထိအတွေတို့ ခံစားနေရ တယ်။ ခံစားရပေမယ့် ဆုပ်ကိုင်လို့မရသည့် ထိုအရာက ကြည်လင်နေသော ရေများ...နှာခေါင်းထဲသို့ အလုအယက်တိုးဝင်လာတဲ့ Lily ရနံ့ကြောင့် ထယ်ယောင်းစိတ်ထဲတွင် လောကနိဗ္ဗာန်ကို ခံစားနေရ သည်ဟုတောင် ထင်မိသည်။
မျက်လုံးတို့ဖွင့်ကြည့်မိတော့မှ မိမိ bath tubeထဲတွင် ရေစိမ်ကာ အနားယူနေသည်ကို အမှတ်ရမိသည်။
Lily ရနံ့ဆံပြာရည်တို့ဖြင့် ကြည်လင်နေသော ရေတို့ကို ရောစပ်ထားပြီး...အနီရောင်နှင်းဆီပွင့်ဖတ်တို့ကလဲ ရေထဲတွင် ပေါလောပေါ်နေကြသည်။ထယ်ယောင်းသည် ကိုယ့်ကိုကို ဂျိုဆွန်းခေတ်က မင်းသားတစ်ပါး ဇိမ်ယူနေသကဲ့သို့ ခံစားရသည်။ သို့သော်..ထူးခြားသည်က..သူ့နံဘေးတွင် ခစားမည့် အခြွေအရံမရှိ။
ခေါင်းကို တဆက်ဆက်ခါရမ်းရင်း ဗရုတ်သုတ်ခအတွေး တွေကိုမောင်းထုတ်ကာ ရေစိမ်ခြင်းအလုပ်ကို ဆက်လုပ် နေလိုက်သည်။ အနှစ်သက်ဆုံး Lily ရနံ့လေးက စိတ်အစုံကို အေးချမ်းစေပြီး..ခန္ဓာကိုယ်တစ်ခုလုံးလဲ သက်တောင့်သက်သာ ရှိလှသည်။
"..ချောက်.."
ရုတ်တရက် တံခါးဖွင့်သံတစ်ခုကြောင့် ထယ်ယောင်း မျက်ခုံးတို့အလိုလိုတွန့်ချိုးသွားသည်။
သူရေချိုးနေသည်ကို မည်သူက လက်လွတ်စပယ် တံခါးဖွင့်ဝင်လာသနည်း။
သူလော့မချထားမိရင်တောင် အရင်ဆုံး တံခါးခေါက် သင့်တာက ယဉ်ကျေးမှုမဟုတ်ဘူးလား..။ထယ်ယောင်း အတော်စိတ်တိုနေသော်လည်း ထပြီး ရန်တွေ့လို့ကမရ။ bath tube ထဲသို့သာ ပိုလို့ နစ်ဝင် ရင်း မိမိ၏ခန္ဓာကိုယ်အား အနည်းငယ်လုံခြုံအောင် ပြုလုပ်လိုက်တယ်။
တံခါးဖွင့်လာတဲ့ ဘယ်သူမှန်းမသိတဲ့လူအား နှင်ထုတ် ရမည်မို့ ထယ်ယောင်း လှည့်ကြည့်မိတော့...မျက်ဝန်း တို့ပြူးကျယ်ကာ နှုတ်ခမ်းအား လက်ဖြင့်တောင် ပိတ် လိုက်မိသည်။
"ကို.....ကိုကို...ထယ်ရေချိုးနေတယ်လေ..ဘာဝင်လုပ်တာလဲ.."
ထယ်ယောင်းမေးနေသော်လည်း ကိုကိုက ပြန်မဖြေပဲ ခပ်ပြုံးပြုံးသာနေသည်။
YOU ARE READING
Cheated On Me
Fanfictionကိုကို့ရဲ့စိတ်တွေက ညအချိန် တိမ်ထူပြီးမှောင်မိုက်နေတဲ့ အချိန်တုန်းက တိမ်လွှာတွေအောက် ပုံးလျှိုးနေတဲ့ ကြယ်တစ်ပွင့်ကို မမြင်မိခဲ့ဘူး။ တိမ်ကင်းစင်သွားသလို ကြည်လင်သွားတဲ့အခါမှ ပေါ်လာတဲ့ကြယ်ပွင့်လေးကို ကိုကိုသိပ်ချစ်မိသွားပြီ လို့ပြောရင် ကြယ်လေးက ခင်ဗျား...