(Zawgyi Version)
♥Final♥
.
.
."ဆရာ... အသံသွင်း........."
3J studio ထဲတွင်ရှိသော သီးချင်းရေးဆရာ Agust D တဖြစ်လဲ Min PD အား ယနေ့အသံသွင်းဖို့အသင့်ဖြစ် ပြီဖြစ်ကြောင်း ပြောဖို့ပြင်လိုက်ပေမယ့် အွန်းဂီရဲ့စကား တို့ကား ထိုင်ခုံတစ်ခုံပေါ်တွင်ပူးကပ်ထိုင်နေကြသည့် လူနှစ်ယောက်ကြောင့်လေထုထဲတွင် အငွေ့သဖွယ် ပျောက်ကွယ်သွားရသည်။
Min PD သည် 3Jတွင် စလုပ်ကထဲက CEOနဲ့ တတွဲတွဲ တွေ့ရပေမယ့် ယခုလို အွန်းဂီအား ဆွံအစေလောက်သည်ထိ မဆိုးရွားခဲ့ဘူးချေ။
ထိုမြင်ကွင်းကား Min PD၏ ပေါင်ထက်တွင် CEO ဂျီမင်က မျက်နှာချင်းဆိုင်ခွထိုင်လျက်ရှိပြီး တရှိုက်မက်မက် အနမ်းတို့အားဖလှယ်နေကြခြင်းပေ။
တံခါးခေါက်ဖို့မေ့ခဲ့တဲ့ အွန်းဂီ ကိုယ့်ကိုကိုသာ အပြစ်တင် မိတော့သည်။ အခုတော့ သူ့အားဝိညာဉ်တစ်ကောင်လို သဘောထားကြသော ထိုအနှီလူသားနှစ်ယောက်မှာ အနမ်းမပျက်သည့်အပြင် သူသတိမပေးလျှင် အဆင့်ပါတက်မည့်သဘောရှိသည်။
"အဟင်း... အဟင်း..... "
အွန်ဂီ ထိုလူသားနှစ်ယောက်အား မျက်နှာလွှဲထားပြီး သူ၏တည်ရှိမှုကိုသတိထားမိစေရန် ချောင်းနှစ်ချက်ခန့် ဟန့်လိုက်ရသည်။
"What the f×××....."
ထိုသာယာသည့် အဆဲသံကား ယွန်းဂီထံမှ
သူ၏အနမ်းယာဉ်ကြော မှာ မီးပွိုင့်လာနီရသလားဆိုပြီး သတိပေးချင်သယောင် အကြည့်စူးစူးတို့ပါ အဆစ်ပါသေးသည်။အွန်းဂီမှာ ရယ်ရခက် ငိုရခက်ဖြစ်နေပြီး အခန်းထဲရောက်နေပြီးမှ ဘာမှမဟုတ်ပါဘူး ဆက်လုပ်ပါ လို့ပြောရင်လဲ CEO၏ အထုအထောင်းခံရဦးမည်...
ပြောရန်ပါးစပ်ပြင်လိုက်သော်လည်း အလိုက်သိသိနဲ့ အခုချက်ချင်းထွက်သွားရင် ကောင်းမယ် လို့သတိပေးနေ သော ယွန်းဂီ၏အကြည့်စူးစူးများကိုလဲလက်ခံရသေး သည်။ကုမ္ပဏီ၏ ဗွီအိုင်ပီနှစ်ယောက်ဖြစ်သော ယွန်းဂီနှင့် ဂျီမင် ၏မျက်နှာအား တစ်ချက်စီကြည့်လျှက် မျက်လုံးစုံမှိတ်ကာ အွန်းဂီပြောချလိုက်တော့သည်။
YOU ARE READING
Cheated On Me
Fanfictionကိုကို့ရဲ့စိတ်တွေက ညအချိန် တိမ်ထူပြီးမှောင်မိုက်နေတဲ့ အချိန်တုန်းက တိမ်လွှာတွေအောက် ပုံးလျှိုးနေတဲ့ ကြယ်တစ်ပွင့်ကို မမြင်မိခဲ့ဘူး။ တိမ်ကင်းစင်သွားသလို ကြည်လင်သွားတဲ့အခါမှ ပေါ်လာတဲ့ကြယ်ပွင့်လေးကို ကိုကိုသိပ်ချစ်မိသွားပြီ လို့ပြောရင် ကြယ်လေးက ခင်ဗျား...