______Zawgyi Typing______Meeting Room ထဲတွင် စာချုပ်ချုပ်ခြင်းအမှု အောင်မြင်သွားသော်လည်း ဂျောင်ကု ရင်ထဲဘာ ကြောင့် ပူလောင်နေမှန်းမသိ။
စာချုပ်ချုပ်ပြီး ထိုCEO ကောင်လေးကိုနှုတ်ဆက်ရင်း ထယ်ယောင်းအကြောင်းသိရမလားလို့ မသိမသာ မေးခဲ့မိသည်။
ဂျောင်ကုသည် အမှားတစ်ခုအတွက်ဖြေရှင်းချက်ကို မလိုချင် အမှားကိုသိပြီးတောင်ပန်တာကိုပဲလိုချင်သူ ဖြစ်သည်။ ဆင်ခြေဆင်လတ်တွေကို နားထောင်ဖို့လဲ စိတ်မဝင်စားခဲ့။
သို့သော် ဒီနေ့မှ သူမျက်စိရှေ့တင် ထယ်ယောင်းနဲ့ အတူအရင်ရောက်နှင့်ပြီး သူ့အား မိနစ်နှစ်ဆယ်ခန့် စောင့်စေသော ထိုကောင်လေးနဲ့ထယ်ယောင်းကြား ဘယ်လိုပတ်သက်မှုရှိသလဲဆိုတာ သိချင်လာ၏။
ထို့ကြောင့်လဲ သူ၏လူကြီးလူကောင်းဆန်မှု တို့ကို မေ့လျော့ပြစ်ကာ ထိုကောင်လေးအား နောက်ကျ ရခြင်းအကြောင်းအား မေးမိခြင်။
တကယ်ဆို သူ ထယ်ယောင်းအား အပျော်တွဲခဲ့ပြီး ဘာခံစားချက်မှ မရှိဘူးလို့ထင်ထားတာ။
အခြားတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး ပူးပူးကပ်ကပ်နဲ့ ပျော်ရွှင်နေတဲ့ထယ်ယောင်းက သူ့စိတ်ကို မသက်မသာ ဖြစ်စေတယ်။
ဒါဟာ သူ ထယ်ယောင်းအပေါ် ခံစားချက်ရှိခဲ့သလား ဆိုတဲ့အဖြေကို မသေချာစေသေးဘူး။
မည်သို့ပင်ဆိုစေ ထယ်ယောင်းသည် ထိုကောင်လေး အတွက် အရေးပါတဲ့ဖြစ်တည်မှုတစ်ခု ဖြစ်လောက်မည်။
"သူက ဘယ်လောက်တောင် မင်းအတွက် အရေးကြီး တဲ့သူမို့ meeting ကိုနောက်ကျစေတာလဲ" ဆိုသော မေးခွန်းက ထိုကောင်လေးနှင့် ထယ်ယောင်း၏ ပတ်သက်မှုကိုသိချင်တာကြောင့် မေးယုံသက်သက်။
သို့သော် ထိုကောင်လေးပြန်ဖြေလာတဲ့အဖြေအား သူ့အား ရင်ခံသွားစေသည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများအားဝင်စွက်ဖက် တာကိုမကြိုက်သော ဂျောင်ကုအား ထိုစကားဖြင့် ပြန်ထိုးနှက်သွားခြင်း။
ယူအက်စ်မှာတုန်းက ခဏခဏဆိုသလို ထယ်ယောင်း အကြောင်းတွေးမိပေမယ့် ဒါတိုက်ဆိုင်မှုကြောင့် သတိရ တာပါလို့ပဲ စဉ်းစားမိတယ်။
YOU ARE READING
Cheated On Me
Fanfictionကိုကို့ရဲ့စိတ်တွေက ညအချိန် တိမ်ထူပြီးမှောင်မိုက်နေတဲ့ အချိန်တုန်းက တိမ်လွှာတွေအောက် ပုံးလျှိုးနေတဲ့ ကြယ်တစ်ပွင့်ကို မမြင်မိခဲ့ဘူး။ တိမ်ကင်းစင်သွားသလို ကြည်လင်သွားတဲ့အခါမှ ပေါ်လာတဲ့ကြယ်ပွင့်လေးကို ကိုကိုသိပ်ချစ်မိသွားပြီ လို့ပြောရင် ကြယ်လေးက ခင်ဗျား...