______Zawgyi Version________ထယ်ယောင်း မနေ့ညက ရေမချိုး မစားမသောက်ဘဲ အစောကြီးအိပ်ပျော်သွားခဲ့ပြီ...မနက်ခင်းနေရောင်ခြည်တို့က ပြတင်းပေါက်အားဖြတ်၍ သူ့မျက်နှာပေါ်ထိ တွေ့လာသောအခါမှ နိုးလာခဲ့တယ်။
အိပ်ယာမှထပြီး အပျင်းဆန့်ကာ မှန်ကြည့်မိတော့ မနေ့ကအဝတ်အစားများနှင့်...
မနေ့ကကိစ္စတွေကို အိမ်မက်ရှည်တစ်ခုမက်ခဲ့တယ်လို့ ထင်နေတာ... ကိုယ့်အဝတ်အစားကိုမြင်မှ အိမ်မက်မဟုတ် အမှန်တကယ်ဖြစ်ကြောင်း သဘောပေါက်တော့တယ်။
ကြည်လင်နေသော စိတ်တို့က ချက်ချင်းပင်ထိုင်းမှိုင်း လာသောကြောင့် ထယ်ယောင်းကြိုက်နှစ်သက်တဲ့ Lily ဆပ်ပြာရည်နှင့် ရေချိုးရန် စဉ်းစားမိတယ်။
အေးမြနေတဲ့ရေစက်တို့က ထယ်ယောင်းရဲ့မကြည်လင် တဲ့စိတ်ကို တိုက်စားသွားကြသည်။
ရေချိုးခြင်းအမှုပြီးတဲ့အခါ ထယ်ယောင်းလန်းလန်း ဆန်းဆန်းရှိသွား၏။
ဗီဒိုထဲမှ ပေါ့ပါးသည့်outfit တို့အားရွေးဝတ်ကာ မနက်စာစားရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။မေမေ့ရဲ့ လက်ရာက မွေးပျံ့နေတာကြောင့် လှေကား ထစ်များကို ကျော်ခွကာ ပြေးဆင်းလာသော ထယ်ယောင်းအား ဧည့်ခန်းတွင်ထိုင်ကာ သတင်းစာ ဖတ်နေသော ဖေဖေက လှမ်းဆူပြန်သည်။
"ကလေးလဲမဟုတ်တော့ဘူး.. ဘာကြောင့် ပျာယာခတ်နေတာလဲ..လှေကားပေါ်ကပြုတ်ကျလို့ ခေါင်းကွဲနေမယ်.."
ဖေဖေဆူပူနေသည်ကိုကြားတော့ မီးဖိုခန်းမှ မေမေက ချက်ချင်းထွက်လာပြီး သူ့သားလေးကို မဆူပါနဲ့ဆိုသော အကြည့်ဖြင့် ဖေဖေ့အား သတိပေးသည်။
"မေမေ..သားက မေမေ့လက်ရာလေးကမွှေးပျံ့ပြီး ဆွဲဆောင်နေတော့ မသိလိုက်ဘဲ ခုန်ကျော်ဆင်းမိတာ..
အဲ့ဒါကို ဖေဖေကဆူနေတာပဲ.."နှုတ်ခမ်းဆူကာ အမေဖြစ်သူအား တိုင်ပြောနေသော ထယ်ယောင်းအား မိဘနှစ်ပါးလုံးအချစ်ပိုရသည်။
ဘယ်လိုပဲအရွယ်ရောက်ရောက် သူတို့မျက်လုံးထဲ စိတ်ထဲတွင်တော့ ထာဝရ ကလေးတစ်ယောက်မို့။"အန်ကယ်ဆူသင့်တယ်..အဲ့မျောက်က အရမ်းကို ကမြင်းလွန်းတာ..."
YOU ARE READING
Cheated On Me
Fanfictionကိုကို့ရဲ့စိတ်တွေက ညအချိန် တိမ်ထူပြီးမှောင်မိုက်နေတဲ့ အချိန်တုန်းက တိမ်လွှာတွေအောက် ပုံးလျှိုးနေတဲ့ ကြယ်တစ်ပွင့်ကို မမြင်မိခဲ့ဘူး။ တိမ်ကင်းစင်သွားသလို ကြည်လင်သွားတဲ့အခါမှ ပေါ်လာတဲ့ကြယ်ပွင့်လေးကို ကိုကိုသိပ်ချစ်မိသွားပြီ လို့ပြောရင် ကြယ်လေးက ခင်ဗျား...