Chapter 7

5.9K 516 26
                                    

________Zawgyi Version_______

ဆိုးလ်လမ်းမကြီးထက် Lamborghini Gallardo ကားအပြာလေးတစ်စီးက ငြိမ့်ငြောင်းစွာရွေ့လျား လျက်။ အမိုးဖွင့်ကာစီးနိုင်သော ကားမျိုးဖြစ်ပြီး
မောင်းနှင်သူဘက်ကိုကြည့်လိုက်လျင် ကားနှင့်လိုက် ဖက်စွာ ဆံနွယ်အပြာရောင်တို့နှင့် ထယ်ယောင်းအား မြင်တွေ့နိုင်သည်။

လူတိုင်းငေးမောနိုင်လွန်းသော ကြောင့် မီးပွိုင့်မိတဲ့တစ်နေရာတွင် ကားဘောက်စ်ထဲ မှ အမဲရောင်ဦးထုပ်လေးက ကမန်းကတန်းဆောင်းလိုက် ပြီး အင်္ကျီလည်ပင်းတွင်ချိတ်ထားသည့် နေကာ မျက်မှန်ကိုပါ တပ်ထားလိုက်သည်။

ထိုသို့အကူပစ္စည်းများဖြင့် ဖုံးကွယ်ထားသော်လည်း တစ်စွန်းတစ်စပေါ်နေသည့် ဦးထုပ်အောက်မှအပြာ ရောင်ဆံပင်များ၏ အလှ...နှုတ်ခမ်းရဲရဲလေးနှင့် နှာတံ ပေါ်မှ မှဲ့နက်လေး၏ ဆွဲဆောင်မှုကိုတော့ ဖုံးကွယ်၍မရ။

ထို့ကြောင့် ကားကျပ်တတ်သော ဆိုးလ်မြို့ထဲတွင်တော့ ထယ်ယောင်း ကားအမိုးချပြီးသာစီးတတ်သည်။
ယနေ့မှ စိတ်တို့လွတ်လပ်စေရန် လေးညင်လည်း ခံရင်း အမိုးဖွင့်စီးမိခြင်းပေ။

မီးပွိုင့်စိမ်းသွားတာနဲ့ ထယ်ယောင်း သူ၏ studio သို့ မြန်မြန်မောင်းသွားလိုက်သည်။
ထယ်ယောင်းက သူ၏ studio ကို Jimin အလုပ်လုပ် သည့် 3J နဲ့ရော သူ့ဖေဖေအလုပ်လုပ်သည့်နေရာနှင့်ပါ မနီးမဝေးရှိသည့် နေရာမျိုးတွင် ဝယ်ယူထားခြင်းဖြစ် သည်။

studio ထဲဝင်ပြီး ဒီနေ့အတွက်အလုပ်ချိန်တွေကို တစ်ချက်စစ်ကြည့်လိုက်တော့... မနက် ၁၀ နာရီလောက်မှ 3J သို့ သွားရမည်။

အခုမှ မနက် ၈ နာရီပဲရှိသေးတာကြောင့် ၁နာရီခွဲလောက် ထယ်ယောင်းအချိန်ပိုရသေးသည်။
Laptop ဖွင့်ကာ အရင်လက သူစုဆောင်းမိခဲ့တဲ့ collection များကို ပြန်ကြည့်ဖြစ်သည်။

အများဆုံးက သဘာဝရှုခင်းပုံများသာ...

Laptop screen အားကြည့်ရင်း ထယ်ယောင်း အိပ်ငိုက်လာသည်။ ဝါး ခနဲသမ်းလိုက်ရင်း ဘယ်သူတွေ များ သူ့အကြောင်းပြောနေလို့ မနက်စောစောစီးစီး အိပ်ချင်နေတာလဲလို့ တွေးလိုက်မိသည်။

Cheated On MeWhere stories live. Discover now