(Zawgyi Version)
အဝါရောင်နေမင်းကြီးက လိမ္မော်ရောင်သန်းလာကာ နီးညိုရောင်သို့ကူးပြောင်းတဲ့ နေဝင်ချိန်မြင်ကွင်းကို ဟန်မြစ်နောက်ခံနဲ့ ထယ်ယောင်းတစ်ယောက်ထဲ ခံစား နေမိသည်။
ဘေးပတ်ဝန်းကျင်ကိုယောင်ယမ်းကြည့်မိသော်...
မိသားစုများ.. သူငယ်ချင်းများ..စုံတွဲများ အသီးသီး အနားယူနေကြသလို မိမိလို တစ်ကိုယ်တည်းသမား အများစုကတော့ ဘီယာတို့ ဆိုဂျူတို့အဖော်ပြုရင်း ဆွေးနေသယောင်..အကြည့်တို့အား... မြစ်ကမ်းအောက်သို့ ဝင်ရောက်ပျောက်ကွယ်လုနီးပါး နေလုံးကြီးကိုငေးစိုက် ကြည့်ရင်း သက်ပြင်းတစ်ချက်ရှိုက်မိသည်။
မိမိရော ဘယ်လိုခံစားချက်နှင့် ထိုင်နေခဲ့သနည်း..
တကယ်တော့..ဘယ်လိုအတွေး ဘယ်လိုခံစားချက်မှ ဝင်မလာအောင် လိမ္မော်ရောင်သန်းနေပြီဖြစ်တဲ့ နေမင်း ကြီးအား အာရုံစိုက်ထားမိခြင်း...ထယ်ယောင်းလက်ထဲမှာတော့ ဘီယာပုလင်းအစား ကိုလာတစ်ဗူးသာ အဖော်ပြုသည်။ ထယ်ယောင်းရဲ့ alcohol ခံနိုင်ရည်က တစ်ရာမှာ တစ်ဆယ်ရာခိုင်နှုန်းတောင် မပြည့်သည်မို့...ဘီယာ တို့ ဆိုဂျူတို့ကို မထိရဲ။ ဝိုင် လောက်ကတော့ တခုတလေ သောက်ဖြစ်သည်။
ယနေ့ခေတ် လူငယ်တွေက ဆယ်ရှစ်နှစ်ပြည့်ပြီဆိုတာနဲ့ ကလပ်တက် အရက်သောက် ဆေးချ အစုံလုပ်ဖူးကြ ပေမယ့်..ထယ်ယောင်းမှာတော့ နှစ်ဆယ်ကျော်နေတာ တောင် ကလပ်ရှေ့ကိုပင် ခြေမချဖူးချေ။
ထယ်ယောင်းကိုအဖော်ပြုနေတဲ့ ကိုလာတစ်ပုလင်းလဲ ကုန်လုနီးပီ.. နေရောင်လဲ စုန်းစုန်းမြှုပ်လို့ လရောင်က ထွက်ပြူစပြုနေပြီ။ ဒါဟာ လူတိုင်းအတွက် အိမ်ပြန်ချိန် ရောက်ပြီလေ။
ထယ်ယောင်းလဲ...နွေးထွေးတဲ့မိသားစုအရိပ်အမြုံဆီ သို့ ပြန်ချိန်တန်ပြီမို့..ကားသော့ဖွင့်ကာ..အိမ်သို့ မောင်းနှင်လိုက်တော့သည်။
"မေမေရေ... သားပြန်ရောက်ပြီ..."
"...."
ထယ်ယောင်း စိတ်ထဲနည်းနည်းထူးဆန်းသွားသည်။ ဒီနေ့ အိမ်က အရမ်းတိတ်ဆိတ်နေပါလား။
မီးဖိုခန်းထဲဝင်ကြည့်သော်လည်း..မေမေ့ကိုမတွေ့..
ဖေဖေကတော့ အခန်းထဲတွင် နားနေပုံပေါ်သည်။
YOU ARE READING
Cheated On Me
Fanfictionကိုကို့ရဲ့စိတ်တွေက ညအချိန် တိမ်ထူပြီးမှောင်မိုက်နေတဲ့ အချိန်တုန်းက တိမ်လွှာတွေအောက် ပုံးလျှိုးနေတဲ့ ကြယ်တစ်ပွင့်ကို မမြင်မိခဲ့ဘူး။ တိမ်ကင်းစင်သွားသလို ကြည်လင်သွားတဲ့အခါမှ ပေါ်လာတဲ့ကြယ်ပွင့်လေးကို ကိုကိုသိပ်ချစ်မိသွားပြီ လို့ပြောရင် ကြယ်လေးက ခင်ဗျား...