Chapter 2

6.3K 541 18
                                    

__________Zawgyi Version__________

ကိုကို့ကို ထယ်စောင့်နေတာ ဒီနေ့နဲ့ဆို တစ်ပတ်ပြည့်ခဲ့ ပြီ။ စားလဲ ကိုကို့စိတ် သွားလဲကိုကို့စိတ်...နောက်ဆုံး အိပ်ချိန်တိုင်းတောင် ကိုကိုကအမြဲလွှမ်းမိုးနေလို့ ထယ် မအိပ်ရဲတော့ဘူးကိုကို။

reply မပြန်တဲ့ ကိုကိုနာမည် ရေးထိုးထားတဲ့ contant လေးတီသို့ ထယ်နေ့စဉ် စာတွေရေးပို့ဆဲပါ။ ဒါပေမယ့် နောက်ဆုံးတော့ ဖုန်းနံပါတ်ကအစ ပြောင်းသွားခဲ့တဲ့ကိုကို။ ကိုကိုနဲ့ပတ် သက်ပြီး ဘယ်မှာရှာရပါ့မလဲ။ မျက်စောင်းထိုးရှိ ကိုကို အိမ်လေးမှာ မီးမလင်းခဲ့တာလဲ တစ်ပတ်ပြည့်ခဲ့ပြီ။

မနက်မိုးလင်းတော့ ဘေးအိမ်မှလူသံကြားတာနဲ့ ထယ် အပြေးအလွှားထပြီး ကြည့်မိသေးတယ်။ မမြင်ဘူးသော သူစိမ်းများက ကိုကို့အိမ်သို့ရွှေ့ပြောင်းလာကြသည်မို့ ထယ် စိတ်ထဲထင့်ခနဲ။ မဟုတ်လောက်ပါဘူးနော် ကိုကို။ ဒီတိုင်း ခဏပဲ ထယ်ကိုပုန်းနေတာမလား။ ဘယ်တော့မှ မတွေ့ရတဲ့အထိတော့ မရက်စက်လောက်ဘူးမလား။

ကိုကို့နေခဲ့တဲ့အိမ်ဘက်ကိုငေးကြည့်ရင်း မျက်ဝန်းမှ မျက်ရည်စတို့ စတင်စီးဆင်းလာသည်။ ထယ် မယုံကြည် နိုင်သေး...ရှိုက်သံတို့ထိ မထွက်လာစေရန် ထယ် နှုတ်ခမ်းကိုနာနာဖိကိုက်ထားမိသည်။
ထို့နောက် ခြေလှမ်းတို့က မျက်နှာချင်းဆိုင်ရှိ ကိုကို့ အိမ်ဘက်သို့.....

"ဒီမှာ...အန်တီခင်ဗျ..ဒီအိမ်က ဂျွန်မိသားစုမနေတော့ ဘူးလား...ဘယ်သူတွေပြောင်းလာတာလဲ.."

"အော်...ဟုတ်တယ်သား...လွန်ခဲ့တဲ့တစ်ပတ်ကပဲ အစီအစဉ်မရှိ နိုင်ငံခြားကိုပြောင်းလိုက်ရတယ်တဲ့... အဲ့ဒါ ကျန်ခဲ့တဲ့အိမ်ကိုရောင်းဖို့ ပွဲစားနဲ့အပ်ခိုင်းခဲ့တာ..
ခုပြောင်းလာတာ ပတ်စ်မိသားစုတဲ့.."

ထိုနေရာ ထယ် ခြေထောက်တို့မခိုင်တော့။ လူက အိပ်မထားသည်က ရက်ဆက်နေသည်မို့ မိုက်ခနဲ ဖြစ်သွားကာ...လဲကျခါနီး သူ့အားပြေးတွဲပေးသော ထို ပတ်ခ် မိသားစုမှ ကောင်လေးတစ်ယောက်...

"ဟယ်...ဟေ့..သတိထားဦးလေ..."

ကျွန်တော်ဘယ်လိုမှဆက်ပြီးအားမတင်းထားနိုင်တော့။ သိချင်နေခဲ့တဲ့အဖြေကိုရှင်းရှင်းလင်းလင်းသိသွားပြီ မို့ စိတ်ကိုလျော့ချလိုက်ချိန်တွင် အားနည်းနေပြီဖြစ်တဲ့ ခန္ဓာကိုယ်မှာ လဲကျသွားခြင်းပင်။ ကျွန်တော်မျက်လုံး တို့မှိတ်လိုက်ချိန်တွင် ဘာကိုမှမသိတော့ပေမယ့်.ကိုကို ဆိုတဲ့ နာမ်စားလေးကိုတော့ တခုတ်တရရေရွတ်မိဆဲ။

Cheated On MeWhere stories live. Discover now