Chapter 11

5.3K 483 6
                                    

_______ Zawgyi Version_____

သီချင်းအသစ်အသံသွင်းမည်ဟုဆက်သွယ်လာသော ကြောင့် ကော်ဖီဆိုင်တွင် သီချင်းရေးနေရင်း ယွန်းဂီ ကောက်ကာငင်ကာ ဆိုးလ်သို့ထွက်လာခဲ့ခြင်းပင်။

ပုံမှန်ဆို ယွန်ဂီ ဆိုးလ်မှာဝယ်ထားတဲ့ တိုက်ခန်းမှာနေ ပေမယ့်...သီချင်းရေးဖို့ စိတ်အပြောင်းအလဲဖြစ်ရန် စိတ်ကူးအသစ်ရရန် ရည်ရွယ်ပြီး ဒယ်ဂူတွင် လာ,လာ နေခြင်းပင်။

တကယ်ဆို ထယ်ယောင်းနဲ့ ဂျောင်ကုက တိုက်ဆိုင် စွာ သူဒယ်ဂူရောက်နေတုန်း ရောက်လာခဲ့ခြင်းပင်။
နှစ်ယောက်က သိပြီးသားဆိုတော့ ယွန်းဂီ သိပ်စိတ်ပူ စရာမရှိ။ ဆိုးလ်ကိုသွားကြောင်း စာရေးပြီး ဧည့်ခန်းတွင် ထားခဲ့လိုက်သည်။

"တောက်...ဒီလကုန် suran သီချင်းသစ်ထွက်မယ်လို့ တရားဝင်ကြေညာထားတာလေ..အဲ့ဒါကို သီချင်းသစ် က Rap အမျိုးအစား ဘာလို့ဖြစ်နေတာလဲ..."

ယွန်းဂီ အသံသွင်းတဲ့ဘက်ကို တန်းသွားလိုက်ပြီး အခန်းထဲဝင်မည်ပြင်တော့ ဆူဆူညံညံအသံကြားတာ နဲ့ အခန်းရှေ့မှာပဲ ရပ်နေလိုက်တယ်..

"ဟိုလေ..Ceo အဲ့ဒါက.."

"ဘယ်သူရေးတာလဲ..."

"ခင်ဗျာ...."

"ကျစ်...အခုသီချင်းကို ဘယ်သူရေးပေးတာလဲ...
မင်းတို့က သေချာမပြောထားဘူးလား... အခုလိုနေတဲ့ သီချင်းကို မင်းတို့ရေးမှာလား...အသုံးမကျဘူး.."

ယွန်းဂီ နားထောင်နေရင်း နှုတ်ခမ်းတို့ ပြုံးသွားသည်။
ကြည့်ရတာ အထဲမှာစကားပြောနေတာ PD teamနဲ့ CEO တို့ဖြစ်မည်။ နောက်ပြီး သူတို့ပြောနေတာ ဒီနေ့ အသံသွင်းမယ်ဆိုသော ယွန်းဂီ၏ သီချင်းသစ် ။

သူ့ကို သေချာမပြောထားဘူးလား ဆိုသော စကားတွင် ယွန်းဂီ မျက်ခုံးတို့ မြင့်တက်သွားသည်။ ထို CEO လေး သူ့အကြောင်းကို မသိတာလား။ ဘယ်လိုဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းတာမို့ အပျင်းပြေ ဆက်နားထောင် နေလိုက်သည်။

"ဟို..CEO..သီချင်းက AGUST D ရေးတာပါဗျ..
နောက်ပြီး..သူပေးချင်တဲ့ သီချင်းကိုပဲ ကျွန်တော်တို့ ရနိုင်တယ်.. ကျွန်တော်တို့လိုချင်တဲ့သီချင်းကို တောင်း ဆိုခွင့်မရှိဘူး..."

Cheated On MeWhere stories live. Discover now