_________Zawgyi Version_______
Jeon Group သည် အမေရိကတွင် ဒီဇိုင်းနာများစွာ ကိုမွေးထုတ်ပေးပြီး ကမ္ဘာကျော်အကျီင်္ီဒီဇိုင်းများ ဖက်ရှင်များ ဖန်တီးနိုင်သော company တစ်ခုဖြစ် သည်။ Jeon Group တွင် ဒီဇိုင်နာ များစွာ၏ brand item များစွာရှိပြီး တော်ယုံသာမန် လူတန်းစားတို့ ဝယ်ခြင်းငှါ မတတ်နိုင်ပေ။ တချို့brand များကိုမူ limited edition ဖြင့်သာ ရောင်းချပေးသည်။
အနုပညာရှင်များ စီးပွားရေးပညာရှင်များကတော့ limited items များကို သူ့ထက်ငါ အပြိုင် ဝယ်ယူ ကြသည်။Justin Seagull ဟု လူသိများကျော်ကြားသော Jeon Group ၏ CEO သည် အသက် ၂၄ နှစ်သာ ရှိ သေးသော လူငယ်တစ်ယောက်ဖြစ်သည်။ Jeon Group အားတည်ထောင်သူသည် Justin Seagull ၏ အဘိုးဖြစ်သူ ဂျွန်ဂျယ်ဝမ် မည်၏။
ထူးခြားမှုသည် ကား Jeon Group တည်ထောင်သူသည် ကိုရီးယား လူမျိုးဖြစ်သော်လည်း အမေရိကန်နိုင်ငံသားအဖြစ် ခံယူကာ ရေခြားမြေခြားတွင် ရင်းနှီးမြှုပ်နှံ ရင်း အောင်မြင်ကျော်ကြားတဲ့ Jeon Group ကို တည်ထောင်ထားခြင်းပင်။
ဂျွန်ဂျယ်ဝမ်တွင် သားနှစ်ယောက်ရှိသော်ငြား သားကြီး က သားသမီးမဖြစ်ထွန်း..သားငယ်ဖြစ်သူကမူ မိဘ သဘောမတူသည့်အမျိုးသမီးနှင့်ပေါင်းဖက်ရန်ကြိုးစား ခဲ့သည်။ တစ်နေ့ မိဘများသဘောမတူသည့်ကြား ထဲက သူချစ်နှစ်သက်သည့်အမျိုးသမီးလက်ကို ခိုင်ခိုင် တွဲကာ ဖခင်ဖြစ်သူအားကျောခိုင်းသွားသော သားငယ် ဂျွန်ဟေးယောင် အား ဂျွန်ဂျယ်ဝမ်မှ အမွေဖြတ်စွန့် လွှတ်ခဲ့သည်။ ဘာကိုမှမကြောက်သည့် ဂျွန်ဟေးယောင်ကမူ ချစ်ရသူ၏လက်ကိုတွဲကာ မိခင်၏ မွေးရပ်မြေဖြစ်သော ဆိုးလ်မြို့သို့ ပြောင်းရွှေ့နေထိုင် ခဲ့သည်။
စီးပွားရေးပညာရပ်တွင် ကျွမ်းကျင်သော ဂျွန်ဟေးယောင်မှာ မည်သူ့ကိုမှအားမကိုးဘဲ ကိုယ့်အား ကိုယ်ကိုးအား အားကုန်ကြိုးစားခဲ့သည်။ ကြိုးစားမှု ၏ ကလဒ်က ကိုရီးယားတွင်အခြေချပြီး နှစ်နှစ်အကြာတွင် ဒါရိုက်တာ ဂျွန်ဟေးယောင် ဟူသော ရာထူးကို ရခဲ့လေပြီ။ ထိုအချိန်တွင် ဂျွန်ဟေးယောင်၌ အမျိုးသမီး ပြီးလျှင် တွယ်တာစရာ သားငယ်လေးတစ် ယောက်ပါ ဖြစ်ထွန်းခဲ့ပြီ။
YOU ARE READING
Cheated On Me
Fanfictionကိုကို့ရဲ့စိတ်တွေက ညအချိန် တိမ်ထူပြီးမှောင်မိုက်နေတဲ့ အချိန်တုန်းက တိမ်လွှာတွေအောက် ပုံးလျှိုးနေတဲ့ ကြယ်တစ်ပွင့်ကို မမြင်မိခဲ့ဘူး။ တိမ်ကင်းစင်သွားသလို ကြည်လင်သွားတဲ့အခါမှ ပေါ်လာတဲ့ကြယ်ပွင့်လေးကို ကိုကိုသိပ်ချစ်မိသွားပြီ လို့ပြောရင် ကြယ်လေးက ခင်ဗျား...