Chapter 8

6K 514 21
                                    


________ Zawgyi Version _______

ထယ်ယောင်းသည် ဓာတ်ပုံရိုက်ရာတွင် ခံစားချက်ဝင်မိ ပြီဆိုရင် ဘာကိုမှသတိမထားမိတော့။ နွားခြံထဲမှ အဖြူအမည်းအကွက်များဖြင့် သန့်ရှင်းကာ ကြည့်ကောင်းသော နွားများကို လှည့်ပတ်ကြည့်နေ မိသည်။ အရွယ်ရောက်နေပြီဖြစ်သည့် နွားထီးနွားမ ၁၀ ကောင်ခန့်ရှိပြီး နွားပေါက်အရွယ်ကတော့ ၂ ကောင် သာရှိသည်။

ထိုနွားပေါက်လေးမြင်တော့ ထယ်ယောင်း ငယ်ငယ်တုန်းက ကမြင်းကြောထခဲ့သည်ကို ပြန်တွေးကာ တစ်ယောက်ထဲ ရယ်နေမိပြန်သည်။

ထယ်ယောင်း ငယ်ငယ်က ဒယ်ဂူရှိအဘိုး အဘွားတွေ ဆီ တစ်နှစ်တစ်ခါ သွားလည်ရသည်။ အလုပ်အကိုင် ကြောင့် ဆိုးလ်မှာနေရသည့် ထယ်ယောင်းတို့မိသားစု သည့် နှစ်စဉ်မပျက်မကွက် လာရောက်လည်ပတ်လေ့ ရှိပြီး...မလာဖြစ်တော့သည်မှာ ထယ်ယောင်းအဘွား ဆုံးပြီးကထဲကဖြစ်သည်။

လယ်ကွင်းစိမ်းစိမ်းတို့မြင်လျှင် အဘွားဖြစ်သူအား ထယ်ယောင်းသိပ်လွမ်းမိသည်။ သူငယ်စဉ်က အဘွား လက်ပေါ်တွင် ကြီးပြင်းခဲ့ပြီး လယ်စိုက်သည့် အလုပ် အားလုပ်သည့် အဘွားဖြစ်သူမှာ ထယ်ယောင်း အား လယ်ကွင်းထဲသို့ခေါ်သွားတတ်သည်။

အဘွားခေါ်သွားတဲ့နေ့မျိုးဆို လယ်ကွင်းထဲမှာ ထယ်ယောင်း တ တောက် တောက် နှင့် လျှောက်ပြေး နေတတ်ပြီး... လယ်စိုက်သည့်အဒေါ်ကြီးများ၏ ဝိုင်းဖမ်းခြင်းကိုခံရသည်။

ထိုသို့အဖမ်းခံရလျှင် ထယ်ယောင်းက ဘွားဘွားကြီး ရေ ထယ်ယောင်းလေးကို ကယ်ပါဦး ဟုအော်ပြော တတ်တာကြောင့် ထိုအဒေါ်ကြီးများက အသဲယားသည် ဟုဆိုကာ ဖက်နမ်းကြသေးသည်။

ထယ်ယောင်း ငါးနှစ်ကျော်လောက်တွင်တော့ အဘွား ခေါ်လျှင်တောင် ဘယ်ကွင်းထဲမလိုက်တော့။ အဒေါ်ကြီးတွေကိုကြောက်သည်ဟု အကြောင်းပြကာ သူ့အဘိုးနား ကပ်ပြီး နေခဲ့သည်။

အဘိုးဖြစ်သူက နွားခြံတစ်ခုပိုင်ဆိုင်ထားပြီး... ထယ်ယောင်းလဲ လယ်ကွင်းမဟုတ်တော့ဘဲ နွားခြံသို့ လိုက်ရလေသည်။

ထယ်ယောင်းငါးနှစ်သားအရွယ်ရောက်မှ နွားများကို အပြင်တွင် မြင်ဖူးခြင်းဖြစ်သည်။ အိမ်တွင် ဖေဖေနှင့် တီဗွီကြည့်တုန်းက လူထွားကြီးများက နွားအကြီးကြီး တွေပေါ်ထိုင်စီးတာကိုတော့ ထယ်ယောင်း မြင်ဖူးသည်။

Cheated On MeWhere stories live. Discover now