Chapter 14

4.5K 404 16
                                    

(Zawgyi Version)

ယွန်းဂီတစ်ယောက် အိပ်ယာနိုးနိုးချင်း အူမြူးနေမိ သည်။ အကြောင်းကား မနေ့ည...အင်း..ပြောရရင် မနက်တော့ကူးပြောင်းပြီးပြီပေါ့..ညဥ့်ဦးယံ မနက် တစ်နာရီလောက်မှာ ဝင်လာတဲ့ဖုန်းခေါ်ဆိုမှုတစ်ခု ကြောင့်။ ထိုသူက ဂျီမင်၏ လက်အောက်ကဝန်ထမ်း အွန်းဂီဆိုသူပင်။ မိမိချိန်းဆိုသည့် Sorry Bae Cafe ရဲ့တည်နေရာကို ဘယ်လိုမှရှာမတွေ့တဲ့အဆုံး ဖုန်းဆက် မေးရခြင်းပါတဲ့။

ယွန်းဂီ သိလိုက်ပါပြီ..ဒါ ဟိုကလေး ဂျီမင် စနက်ဆိုတာ။ မနိုင် နိုင်ရာမဲသော ကလေးရယ်ပါ...
သူပြုံးရယ်နေရခြင်းရဲ့အဓိက အကြောင်းရင်းက ယနေ့ မနက်တွင် ရှုစားရမယ့် ဂျီမင်ရဲ့ အမူအရာလေးတွေ။

*ဟက်...ငါတော့ရူးပြီထင်ပါရဲ့...*

တစ်သက်နဲ့တစ်ကိုယ် မင်းယွန်းဂီဆိုသည်မှာ ချေမိုး ပြီးနေလာသော ကောင်။ မာနက မိုးထိခေါင်ခိုက်နေ လို့ ခပ်ချေချေနေတာမျိုးတော့မဟုတ်။ ဆိုရှယ်ကျကျ မနေတတ်တာရယ် ရှုပ်ထွေးတာတွေမကြိုက်တာရယ် ကြောင့် ယခုအချိန်ထိ တစ်ယောက်ထဲရယ်။

သူ့ရုပ်ရည်နဲ့ တကောက်ကောက်လိုက်မယ့် မဒီမျိုး မရှိဘူးလား လို့မေး။ ရှိပါတယ်..ဒါပေမယ့်..အာရုံစိုက် ခံရတာများတော့..ယွန်းဂီစိတ်ရှုပ်လာတယ်။

ဒါကြောင့် မျက်နှာကိုမမြင်ရအောင် mask တပ် တယ်..ဦးထုပ်ဆောင်းတယ်...ပုံမှန်ဆို Agust D အနေနဲ့ သူ့မျက်နှာအား တစ်ခါမှ ထုတ်မပြဖူးချေ။

Agust D ဟုကျော်ကြားလာသော သူ့ပုံရိပ်တွင် mask တစ်ခုအမြဲတပ်ဆင်ထားသည်။ ဒါပေမယ့်...ယွန်းဂီရဲ့ ဇာတိဖြစ်တဲ့ ဒယ်ဂူတို့ တခြားယွန်းဂီအလည်အပတ် လျှောက်သွားဖြစ်တဲ့နေရာတွေဆိုရင်တော့ သူ့မျက်နှာကို မဖုံးကွယ်ထားပေ။

တိုက်ဆိုင်စွာနဲ့ 3J ကိုသွားတဲ့နေ့က ယွန်းဂီ mask တပ်မထားခဲ့။ သူသာ mask တပ်ပြီး ဦးထုပ်ဆောင်း ထားလိုက်ရင် Agust D မှန်း တစ်ကုမ္ပဏီလုံး သိနိုင် သည်ပင်။

ထိုနေ့က ယွန်းဂီဘဝကိုပြောင်းလဲပြစ်မယ့်နေ့လို့ ဘယ်တုန်းကမှမတွေးမိခဲ့ဘူးလေ။

ဆံပင် ပန်းရောင်လေးဖြင့် ကလေးလေးလိုချစ်စရာ မျက်နှာပိုင်ရှင်လေးက အနောက်တိုင်းဝတ်စုံပြည့် ဝတ်ပြီး CEO တစ်ယောက်ရဲ့ဟန်ပန်အပြည့်နှင့် Agust D တစ်နည်း သူ့အား အပြစ်တင်နေသော ကလေးဆိုးလေး။

Cheated On MeWhere stories live. Discover now