လန်ကျန့်နဲ့ လက်ထပ်ပြီး လန်ဂိုဏ်းမှာ
အတူလိုက်နေနေတဲ့ ဝေ့ရင်း တစ်ယောက်
ယနေ့မှာတော့ ခါတိုင်းလို အားတာနဲ့
လန်ကျန့်ကို ကပ်ဖို့ အာရုံမရဘဲ
တစ်စုံတစ်ခုကို အလေးအနက် တွေးတောနေဟန်နဲ့ အိပ်ဆောင်ထဲမှာ
ဟိုမှသည် လျှောက်နေလိုက်တာ
တစ်နာရီနီးပါး ရှိလေပြီမို့..."မင်း ဘာဖြစ်နေတာလဲ..."
လက်ထဲက စာအုပ်ကို ပိတ်ပြီး
အာရုံစိုက်မရအောင် လုပ်နေတဲ့
တရားခံကို လန်ဝမ်ကျိ မေးလေတော့..."စကား မပြောနဲ့ လန်ကျန့်...ငါ အခု
အရေးကြီးတာ စဉ်းစားနေတယ်...""ဘာ စဉ်းစားတာလဲ..."
"ကျန်းချန် အတွက်လေ !..."
"သူ့အကြောင်း ဘာစဉ်းစားတာလဲ..."
လန်ကျန့် အမေးကို ဖြေဖို့
လမ်းလျှောက်နေတာကို ရပ်ပြီး
လန်ကျန့် အရှေ့မှာ ဝေ့ရင်း ဝင်ထိုင်လိုက်တယ်..."ငါ့ ဘဝမှာတော့ အားလုံး
ပြည့်စုံပြီးနေပြီ...ဒါပေမဲ့ ကျန်းချန်ကျတော့
မင်း စဉ်းစားကြည့်လေ...သူ့ဘေးမှာ
ဘယ်သူမှ အမြဲရှိမနေဘူး...
ကျင်းလင် ကလဲ ဒီ လန်ဂိုဏ်းမှာ
ပညာသင်နေတယ်...ငါကလဲ မင်းနဲ့ပဲ
ဒီမှာ ရှိနေတော့...ကျန်းချန်အတွက်
သူ့ကို ဂရုစိုက် စောင့်ရှောက်ပြီး
သူအထီးမကျန်အောင် ထားပေးမဲ့သူ
တစ်ယောက်ယောက်တော့ လိုနေပြီ...""အင်း..."
"ငါ့လို သူ့ကိုလဲ ပျော်စေချင်တယ်...
သူ့အတွက် တွေးပေး စီစဉ်ပေးဖို့က
သူ့မှာ ငါပဲ ကျန်တော့တာလေ...လန်ကျန့်
ငါ ကျန်းချန် လိုအပ်မယ်ထင်တာကို
ဖြည့်ဆည်းပေးချင်တယ်...""မင်း ဘာလုပ်ချင်လဲ..."
"ကျန်းချန် အတွက် ဇနီးရှာပေးမယ်လေ..."
အားရဝမ်းသာနဲ့ ဝေ့ရင်း အပြောကို
လန်ဝမ်ကျိက ခဏတာ ငြိမ်နေပြီးမှ..."သူ့ စိတ်နဲ့ ဖြစ်ပါ့မလား..."
"ကျစ်*...မဖြစ်စရာရှိလားလို့ !...
ငါက သူ့ အစ်ကိုပဲ မဟုတ်ဘူးလား ?...
ငါ့မှာ သူ့အတွက် စီစဉ်ပေးခွင့် မရှိဘူးလား...
မရဘူး !...မင်း ယွင်မုန့်ကို စာပို့လိုက်...
ငါ နေမကောင်းဖြစ်နေလို့ ကျန်းချန်ကို
ချက်ချင်း လာခဲ့ပါလို့ ပြောလိုက်..."
YOU ARE READING
My Brother Is Stupid Cupid 😤(Completed)
RomanceZawgyi and Unicode. . Cover Photo crd#