8

4.9K 591 73
                                    

ကျန်းဂိုဏ်းကို ပြန်ရောက်တော့
အချိန်ကလဲ အတော်လေး
နောက်ကျပြီး မှောင်နေပြီ…

တစ်ကိုယ်လုံးကလဲ ရေစိုထားတာမို့
ခန္ဓာကိုယ်က နေရ ထိုင်ရတာ
အဆင်မပြေ ဖြစ်နေတာနဲ့
ဇယ်ဝူကျွင်းကို ဝတ်ကျေတန်းကျေ
နှုတ်ခွန်းဆက်ပြီး ကျန်းချန်
အိပ်ဆောင်ကို အမြန်ပြန်လာလိုက်တယ်…

"ငါ ရေချိုးသန့်စင်မယ်…
အဆင်သင့် ပြင်ထားပေး…"

အရှေ့မှာစောင့်နေတဲ့ အစေခံကို
ပြောလိုက်ပြီး အဆောင်ထဲ ဝင်ကာ
ကိုယ်ပေါ်က ဝတ်ရုံကို အရင်လဲဖို့
အပေါ်လွှာကို ချွတ်ပြီးရုံရှိသေး…

ဝုန်း !…
(တံခါး တွန်းဖွင့်…)

"အားချန် !! ငါ့ရဲ့ ညီလေး !!…"

အခန်းဝမှာ ပေါ်လာတာက
အန္တရာယ်ကောင် ဝေ့ဝူရှန့်…
မျက်နှာ အမူအယာကလဲ
သူ့လင် လန်ဝမ့်ကျီး သေလို့
စိတ်ရူးပေါက်လာသလို ပုံစံကြီးနဲ့
လူကိုကြည့်ပြီး ပြေးလာဖက်တာမို့
ကျန်းချန် နေရာက အမြန်ရှောင်ထွက်ပြီး
စိတ်တိုစွာနဲ့ မေးလိုက်တယ်…

"မင်း ဘယ်လို ရောက်လာတာလဲ !…
တစ်နှစ် ပြည့်သွားလို့လား ဟမ် ?!…"

သူ့ စကားကို ဝေ့ရင်းက
အရေးမလုပ်ပဲ အသဲအသန်
အနားကပ်လာပြီး လူကို ဟိုကိုင်
ဒီကိုင်နဲ့ လိုက်ကိုင်ရင်းက…

"အားချန် မင်း ရေနစ်လို့ဆို ?!…
ငါ ကြားကြားချင်း အရမ်းကို စိတ်ပူ
ထိတ်လန့်သွားရတာ သိလား…
ငါ့ခေါင်းတွေတောင် ချာချာလည်သွားပြီး
ချက်ချင်းပဲ မင်းကို ပြေးလာကြည့်တာ…
မင်း…မင်း အဆင်ပြေပါတယ်နော်…
ငါ့ကို ပြောစမ်း…ဘယ်နားတွေ
ထိခိုက်သွားလဲ…အိုလေ !!…
မဟုတ်သေးပါဘူး !! လုပ်…
အဝတ်တွေ ချွတ်လိုက်…ငါ သေချာ စစ်ဆေးပြီးမှ စိတ်အေးနိုင်..နိုင်. . "

"ဝေ့ ဝူ ရှန့် ! ! !……"

ကျန်းချန်ရဲ့ သံကုန် အော်သံ…
အော်မှာပေါ့ !!…သောက်ရူးကောင်
ဝေ့ဝူရှန့်က ပါးစပ်ကလဲပြောရင်း
လက်ကလဲ ကျန်းချန်ရဲ့ ရင်ဘတ်က
ဟနေတဲ့ အောက်ခံ ဝတ်ရုံ အဖြူကို
ဆွဲဖြဲပြီး ကိုယ်ပေါ်ကနေ အတင်း
ချွတ်ချဖို့ လုပ်နေတာကိုး !!!…
တော်တော်တောင် ပေါ်ကုန်ပြီ… ><

My Brother Is Stupid Cupid 😤(Completed)Where stories live. Discover now