"ထိုင်..."
"မထိုင်ဘူး..."
"ဝမ်ရင်း..."
"မခေါ်နဲ့ !..."
ရှီးချန် သက်ပြင်းချမိရပြန်ရော...
"မင်း ကလေး မဆန်လို့ရမလား...
ဝမ်ရင်..."ကျန်းချန်က မျက်နှာကို မဲ့ရွဲ့ပစ်တယ်...
"ကလေးဆန်တယ်လား ?...
ဟုတ်တယ် အမှန်ပဲ...ကျွန်တော်က
ကလေးဆန်တယ်...ဒေါသလဲကြီးတယ်...
နူးနူးညံ့ညံ့လဲ မနေတတ်ဘူး...
တော်တော့်ကို သည်းခံရခက်မဲ့ သူမျိုး...
အဲ့ဒီတော့ ဘာဖြစ်လဲ ??...ခင်ဗျား
စိတ်ပျက်လား ??...စိတ်ပျက်ရင်လဲ
ကျွန်တော့်ကို အာရုံမစိုက်နဲ့တော့...
ကျွန်တော့်လို ဆိုးတဲ့သူကို ခင်ဗျား
ကျေးဇူးပြုပြီး လစ်လျူရှုပေးပါလား...""ကိုယ် မင်းကို စိတ်ပျက်တယ်လို့
ပြောခဲ့မိလို့လား ?...မင်း ပိုပြီး
ဆိုးသွမ်းလေ...ထိန်းချုပ်ရခက်လေ...
ကိုယ် မင်းကို မြတ်နိုးလေပဲ......
မင်း ဒေါသထွက်လို့ ကိုယ့်ဂိုဏ်းက
အရာအားလုံးကို တစ်စစီ ဖျက်စီး
ပြာချပစ်မယ်ဆိုရင်တောင်...ကိုယ်
မင်းကို အပြစ်မြင်ဖို့ မဖြစ်နိုင်တာ...
မင်း အခုလို မာနကြီးကြီးနဲ့ ကိုယ့်ကို
ရှောင်ပုန်းပြီး ငြင်းပယ်နေတာကပဲ...
မင်းအပေါ် ပိုပို အချစ်တိုးလာပြီး
မြတ်နိုးလာစေတယ် ဝမ်ရင်......"ကျန်းချန် မျက်နှာ မဲမှောင်သွားရတယ်...
သူ ဒါက ဘယ်လိုတောင် ဆိုးရွားတဲ့
အကြိုက်ကြီးလဲ !!......"ခင်ဗျားက ခင်ဗျားကို ပတ်ပြေးနေတဲ့
သူကိုမှ ကြိုက်တာပေါ့လေ...
ခင်ဗျားဗျာ !!...ဒါ ဘယ်လိုတောင်
ပေါတောတောနိုင်ရတာလဲ ??...
အစထဲက သိရင် ရှောင်မနေပါဘူး...
ဒီလိုဆို. . .အခုနေ ခင်ဗျားကြိုက်မဲ့
ခင်ဗျားကို ပတ်ပြေးယုံမဟုတ်ဘဲ...
အတွေ့တောင် မခံလောက်အောင်
အရှက်ကြီးတဲ့ မိန်းမပျို တစ်ယောက်လောက်...
ဝေ့ရင်းကို ရှာပေးခိုင်းရမလားဟင် ?...
ကျွန်တော့်ကိုတော့ ခင်ဗျားစိတ်ထဲက
ပြန်ထုတ်ပေးပေါ့...အဲ. . .ဒါနဲ့
ခင်ဗျား မိန်းကလေးတွေကို
သဘောကျရဲ့လား လန်ရှီးချန် ?..."ကျန်းချန် စကားတွေကြောင့်
ရှီးချန် မျက်နှာ အမူအယာက
တစ်ဖြည်းဖြည်း ညိုမှိုင်းလာပြီး
ပြန်ဖြေလိုက်တယ်...
YOU ARE READING
My Brother Is Stupid Cupid 😤(Completed)
RomanceZawgyi and Unicode. . Cover Photo crd#