ယွင်မုန့်ကျန်းဂိုဏ်း
........................"အားလုံး အဆင်သင့်ဖြစ်ပြီလား..."
"အဆင်သင့်ပါပဲ ဂိုဏ်းချုပ်..."
မျက်စိရှေ့က ဂိုဏ်းသားတွေကို
ကျန်းချန် ခေါင်းညှိမ့်ပြလိုက်တယ်..."ဒါဆို စထွက်မယ်...မှတ်ထားနော်...
မင်းတို့ အင်အားနဲ့ မတတ်နိုင်ဘဲ
အန္တရာယ်ရှိလာမယ်ဆိုရင် ချက်ချင်း
နောက်ဆုတ်ပြီး အကူအညီရှာလိုက်...
ငါ့ကို လိုအပ်တယ် ဆိုရင်တော့
အချက်ပြမီးပန်း ဖောက်လိုက်ကြ...""ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်..."
လိုအပ်တာမှာပြီးတော့ သူတို့
စထွက်ခဲ့ကြတယ်...ဖုတ်ကောင်တွေက
အခုလက်ရှိ သိပ်မဝေးတဲ့ ရွာပျက်တစ်ခုမှာ
ရှိနေတယ်လို့ သတင်းပို့လာတာမို့
သွားရတာတော့ သိပ်ပြီး ဝေးလံမှာ
မဟုတ်...ကျန်းချန် နားမလည်နိုင်တာက
ထို အကောင်တွေ ဘယ်ကနေများ
အုပ်စုလိုက် ပေါ်လာရလဲဆိုတာပဲ...
ပိုဆိုးတာက သူတို့ရဲ့ ယွင်မုန့် အနီးမှာ
ပေါ်ထွက်လာတာပဲ...အင်အားကလဲ
တစ်စုံတစ်ယောက် လက်ချက်လို့
ထင်ရအောင် အုပ်လိုက်ဆိုတော့. . . .ရေလမ်းကနေ လှေနဲ့ သွားရတာမို့
ကျန်းချန် လှေဝမ်းထဲက စားပွဲငယ်လေးမှာ
ရေနွေးကြမ်းထိုင်သောက်ရင်း အခုကိစ္စရဲ့
အကြောင်းအရင်းကို တွေးနေမိတာ
ဂိုဏ်းသားတစ်ယောက် လာခေါ်မှပဲ
အာရုံပြန်လည်တော့တယ်..."ဂိုဏ်းချုပ်...ရွာပျက်ကို ရောက်ပါပြီ..."
"သိပြီ...အားလုံး ကမ်းပေါ်တက်...
သတိထားပြီး သွားလာကြနော်...
သုံးယောက် တစ်တွဲသွားကြ...
အခုက ညခင်းတောလိုက်တာလို့ပဲ
သဘောထား...စိတ်လှုပ်ရှားဖို့
မလိုဘူး..."ခေါ်လာတဲ့ အထဲမှာ အခုထိ
အတွေ့အကြုံ နုနယ်သေးတဲ့
ဂိုဏ်းသားငယ်လေးတွေ ပါလာတာမို့
စိတ်ကတော့ အနည်းငယ် မအေးနိုင်စွာ
ထပ်ထပ်မှာရသေးတယ်...ကျွမ်းကျင်ပြီး ထက်မြက်တဲ့
တပည့်တွေက သူ့တာဝန်နဲ့သူ
မအားလပ်ကြတာရယ်...
တစ်ချို့ကလဲ ဂိုဏ်းပြင်ပမှာ
တာဝန်ကျ နေကြတာရယ်ကြောင့်
ခေါ်လာရတာက အတွေ့အကြုံနုတဲ့
ကလေးငယ်တွေသာ...
YOU ARE READING
My Brother Is Stupid Cupid 😤(Completed)
RomanceZawgyi and Unicode. . Cover Photo crd#