17

5.1K 684 129
                                    

"အားလုံး အဆင်သင့်ဖြစ်ရင်
စထွက်ကြတာပေါ့…"

"ကျွန်တော် စစ်ဆေးပြီးသွားပြီ…
သွားလို့ ရပါပြီ…ဒါပေမဲ့ တစ်ဖွဲ့စီ
ခွဲသွားမလား…လူအရမ်း များနေတော့…"

"မလိုဘူး ရတယ်…ဂိုဏ်းတိုင်းကို
သူတို့ရဲ့ ဂိုဏ်းချုပ်နဲ့ တာဝန်ခံတွေ
ဦးစီးပြီး သွားကြမှာ…အဆင်ပြေတယ်…"

များပြားလွန်းတဲ့ ကြည့်ရှုစရာတွေ
ဆွေးနွေး စီမံစရာတွေကြား ရှီးချန်
အရမ်း အလုပ်များပြီး အားလုံးကို
တစ်ယောက်တည်း ဘယ်လိုမှ လိုက်ပြီး
ဂရုမစိုက်နိုင်တာမို့ အစ်ကိုကြီး မင်ကြွယ်
ညီငယ် မုန့်ယောင်နဲ့ ဝမ့်ကျီး ဝေ့ရင်းကပါ
လိုအပ်တာတွေ ကူညီနေရပြီး မအားလပ်…

"ဒါနဲ့ ကျန်းဂိုဏ်းချုပ်ရော ?…
မတွေ့ပါလား…ညီနှစ် မင်းနဲ့သူက
ထူးခြားတဲ့ ဆက်ဆံရေး ရှိတယ်ဆို…
အစ်ကိုကြီးနဲ့ သေချာမိတ်ဆက်ပေးဖို့
ဘယ်တော့ စီစဉ်မှာလဲ…မင်းရဲ့
ရွေးချယ်မှုကို အံ့သြထူးဆန်းမိပေမဲ့…
စဉ်းစားကြည့်တော့လဲ ကျန်းဂိုဏ်းချုပ်က
တစ်မျိုး ထူးခြားတဲ့ ဆွဲဆောင်မှုနဲ့…
စိတ်ဝင်စားဖို့ကောင်းလို့ မင်းနဲ့ဆို
လိုက်ဖက်ညီမှာပါ…"

မနေ့က ရှောင်စစ်နဲ့ ထွက်သွားပြီးထဲက
မတွေ့ရသေးတဲ့ ကျန်းချန်အကြောင်းကို
အစ်ကိုကြီးက စကားစလာတော့
ရှီးချန် ဘာပြန်ပြောရမှန်း မသိတာနဲ့
ငြိမ်နေလိုက်သည်။

မင်ကြွယ်ကတော့ သတိမထားမိဘဲ
ဆက်ပြောလာခဲ့တယ်…

"ငါ့အိမ်က လူဆိုးကောင်တောင်မှ
ဒီနှစ်တွေထဲ…ကျန်းဂိုဏ်းချုပ်ကို
မကြာမကြာသွားတွေ့ပြီး အတော်လေး
ခင်မင်နေခဲ့တာ…အခုလဲ မနက်က
ဒီကို ရောက်တာနဲ့ ငါတို့ကိုတောင်
လာမတွေ့ဘဲ…ကျန်းဂိုဏ်းချုပ်တို့ရဲ့
တည်းခိုဆောင်ကို တန်းပြေးသွားတယ်လေ…
တစ်ကယ်ဆိုးတဲ့ကောင်…"

"ဟွိုက်ဆန်းက ဝမ်ရင်နဲ့
သွားတွေ့နေတာလား…"

လန်ရှီးချန် သေချာအောင် ပြန်မေးတော့
ဘေးက လန်ဝမ့်ကျီးက သူ့အစ်ကိုကို
တစ်ချက် ငဲ့ကြည့်တယ်…ဘာမှတော့ မပြော…

My Brother Is Stupid Cupid 😤(Completed)Where stories live. Discover now