7

4.7K 500 36
                                    

ကောင်းကင်မှာ ထွန်းလင်းလာတဲ့
လမင်းကြီးရဲ့ ရွှေဝါရောင်သမ်းတဲ့
အလင်းဓါတ်က ပတ်ဝန်းကျင်ကို
လွှမ်းခြုံလာတာမို့ မှောင်မိုက်ချင်နေတဲ့
မြင်ကွင်းတွေကို အလင်းရောင်က
အနည်းငယ်တော့ လင်းဝင်းစေခဲ့သည်။

"အဟွတ် အဟွတ် *!…"

လူသူမဲ့နေတဲ့ ရေအစပ် တစ်နေရာမှာ
တစ်စုံတစ်ခုကို အားကုန်ဆွဲယူလျှက်
ရေထဲက ခက်ခဲစွာဖြင့် ကမ်းအစပ်ကို
ယိုင်နဲ့စွာ တက်လာနေသော အရိပ်တစ်ခု။

"ဇယ်ဝူကျွင်း ! သတိထားပါဦး…
အရှင် ဇယ်ဝူကျွင်းဗျ……"

ရေပြင် နက်နက်ထဲမှာ မေ့မျောနေသော
လန်ရှီးချန်ကို အားကုန်သုံးပြီး
ထိုရေနက်ထဲမှ ခက်ခဲ ပင်ပန်းစွာဖြင့်
ဆွဲယူခေါ်လာခဲ့ရသော ကျန်းချန်…
ဒါတင်မက ရေအစပ်က ကုန်းပေါ်
ရောက်တဲ့အထိ သူ့ထက် ပိုကြီးမား
လေးလံတဲ့ ထိုသူ့ရဲ့ ခန္ဓ္ဓာကိုယ်ကြီးကို
ကျန်းချန် မနိုင်တစ်နိုင်နဲ့ပဲ အားတင်းပြီး
ခေါ်လာပေးရသေးတယ်…

အခုတော့ ကိုယ့်ဘာသာ အရင်
အမောဖြေပြီး သတိလစ်နေသူကို
ကုသပေးရမဲ့ အလှည့်မို့ ဇယ်ဝူကျွင်းအား
ကျန်းချန် နှိုးနေခဲ့ခြင်းဖြစ်သည်။

"ဇယ်ဝူကျွင်း . . .ဟိတ်လူ
လန်ရှီးချန် !…ခင်ဗျားအပေါ်
ကျွန်တော် ဘယ်လို ကုသမှုမှ
မသုံးချင်ဘူးနော်…ကိုယ့်ဘာသာ
ကျေးဇူးပြုပြီး သတိပြန်ရလိုက်ပါဗျာ!…"

ရေတွေ ပြန်ထွက်လာစေဖို့ လန်ရှီးချန်ရဲ့
ရင်ဘတ်ကို ဖိပေးကြည့်ပေမဲ့
အဆင်မပြေတာမို့ ကျန်းချန်လဲ
ဘာဆက်လုပ်ရမှန်း မသိ…အမှန်က
မသိတာမဟုတ်ဘူး…လုပ်ဖို့ မရဲတာ…

တစ်ခြားလူတွေ ရေနစ်ပြီး
သတိလစ်ရင် ကုသမှုတစ်ခုက
သူတို့ရဲ့ နှုတ်ခမ်းသားက တစ်ဆင့်
လေမှုတ်ထည့်ပေးဖို့ပဲ…ဒါပေမဲ့
အခုက တစ်ခြားလူ မဟုတ်ဘူးလေ!!…
ကျန်းချန်ဆိုရင်တောင် လေးစားရမဲ့
ကူစူးလန်ဂိုဏ်းချုပ်ဟာကို…

ဘယ်လို ခွန်အားနဲ့ သူ့ကို
ထိတွေ့ရဲမှာလဲလို့ ??!!…
လုပ်လဲ မလုပ်ချင်ပါဘူး… ><
ဒါပေမဲ့ မလုပ်ပြန်ရင်လဲ
ပြိုင်ဘက်ကင်းမဲ့တဲ့ လောကရဲ့
နံပါတ်တစ် အရှင်က ယွင်မုန့်မှာ
ရေနစ်သေသွားတယ်ဆိုရင် ??…
အို !! မဖြစ်သေးပါဘူး………

My Brother Is Stupid Cupid 😤(Completed)Where stories live. Discover now