11

4.8K 569 57
                                    

တစ်ရက်...နှစ်ရက်...
သုံးရက်......

~
~
~

ကူးစူးလန်.........

~
~
~

ဂိုဏ်းချုပ် အရှင် ဇယ်ဝူကျွင်းနှင့်
ဝေ့ဝူရှန့်တို့ ယွင်မုန့်မှ ပြန်ရောက်လာပြီး
ယခု ရက်ပိုင်းများတွင် လန်ဂိုဏ်းမှ
ကလေးလူကြီးမရွေး ထူးဆန်းသော
လေထုအား ရှူရှိုက်နေကြရသဖြင့်
နေရထိုင်ရ ခက်လျှက် ရှိနေကြသည်။

အကြောင်းကတော့ အမြဲလိုလို
တည်ငြိမ် အေးမြတဲ့ အပြုံးသခင်အဖြစ်
တင်စားခံထားရတဲ့ ဂိုဏ်းချုပ် အရှင်
လန်ရှီးချန်၏ မျက်နှာတော်ထက်မှာ
အရင်လို နူးညံ့တဲ့ နွေးထွေးတဲ့
အပြုံးတွေ အစား လိုအပ်မှသာ
ပြုံးဖြစ်နိုင်ဖို့ လုပ်ယူထားတဲ့ ခပ်ယဲ့ယဲ့
အပြုံးများသာလျှင် ရှိတော့သောကြောင့်
ဖြစ်လေသည်။

ဇယ်ဝူကျွင်းပဲလား ဆိုတော့လဲ
မဟုတ်...ဟန်ကွမ်ကျွင်းရဲ့
နှလုံးသည်းပွတ် သခင်လေးဝေ့သည်လဲ
အရင်ကလို တစ်နေ့တစ်နေ့
အားအားယားယား ပြဿနာရှာဖို့ကို
အာရုံ မရှိတော့ဘဲ အမြဲလိုလို
တစ်စုံတစ်ခုကိုသာ တွေးတောရင်း
အလုပ်များနေခဲ့လေတာမို့ ဂိုဏ်းက
လူတွေခမျာ ထိုထူးဆန်းလှတဲ့
လေထုကြီးထဲ နေ့ရက်တွေမှာ
အသက်ရှူရ ခက်နေကြရသည်။

ကလေးတွေကျတော့ ဇယ်ဝူကျွင်း
သူတို့ကို အာရုံမစိုက်နိုင်လို့ ဆိုပြီး
ဟန်ကွမ်ကျွင်းက လာထိန်းတာ...
ကံဆိုးချင်တော့ ဟန်ကွမ်ကျွင်းကို
သူ့အနားကပ်ပြီး အချိန်ကုန်အောင်
မွှေနှောက်ပေးနေမဲ့ ဝေ့ဝူရှန့်ကလဲ
မရှိတော့ ရုပ်တည်နဲ့ အပြစ်ပေးကြမ်းတဲ့
ဟန်ကွမ်ကျွင်း လူအိုကြီးက သူတို့ကို
သေချာ တာဝန်ယူ ထိန်းချုပ်လေတာမို့
သူတို့မှာ ဘယ်လိုမှ မသက်သာ
ဖြစ်နေရသည်။

ဂိုဏ်းက ရာထူးနဲ့ တာဝန်ရှိတဲ့
လူကြီးတွေကျတော့လဲ ကြည့်ဦး...
ဖြေရှင်းစရာ ဆွေးနွေးစရာ ကိစ္စတွေမှာ
အရင်လို ရိုရိုကျိုးကျိုးနဲ့ အပြုံးတစ်ပွင့်
တပ်ဆင်ပြီး သူတို့ ပြောတာကို
နားထောင်ပေးမဲ့ လန်ရှီးချန်အစား...
ဟန်ဆောင်တောင် မပြုံးတော့ဘဲ
ရုပ်သေနဲ့ ထိုင်ပြီး သူတို့ တင်ပြသမျှထဲက
ဟာကွက်တွေ အမှားတွေကို
တစ်ခုချင်း သေချာ လိုက်ထောက်ပြပြီး
သူတို့ကို အရှက်ရ မျက်နှာပူအောင်
လုပ်လုပ်နေသောကြောင့် လေထုက
ရှူရှိုက်ရတာ မသက်သာတော့ချေ။

My Brother Is Stupid Cupid 😤(Completed)Where stories live. Discover now