15

4.9K 676 133
                                    

ခန်းမထဲက အသီးသီးထွက်သွားကြပေမဲ့
ကျန်းချန် ခမျာမှာတော့ နေရာမှာပဲ ငုတ်တုတ် ဆက်ထိုင်နေရလေသည်။
အကြောင်းမှာဖြင့် လန်ဂိုဏ်းချုပ်က
ကျင်း ဂိုဏ်းချုပ်နဲ့ ကျန်း ဂိုဏ်းချုပ်ကို
သီးသန့် ဆွေးနွေး တိုင်ပင်ချင်တာလေး
ရှိသေးလို့ ခေတ္တ အချိန်ပေးပါ
ဟူသောကြောင့် ဖြစ်ချေတော့သည်။

ဟင့်အင်း အချိန်မပေးနိုင်ဘူး*လို့
ဆိုပြီးတော့လဲ ဘယ်အပေါက်နဲ့
ငြင်းလို့ကောင်းမလဲနော်......
ကျင်းကွမ်းယောင်က ရှေ့ကနေ
ဟုတ်ကဲ့လို့ ပြောထားမှတော့ သူက
ထငြင်းရင် ဘယ်လိုထင်ကြမလဲ...

တော်သေးတာပေါ့...ကျေးဇူးတင်ဖို့
ကောင်းလောက်အောင် ကိုယ့်ကိုပဲ
တစ်ယောက်ထဲ ခေါ်ပြီး လူတွေကြား
အနေမခက် အရှက်မရစေလို့...
ဘာပဲဖြစ်ဖြစ် ကျင်းကွမ်ယောင်နဲ့
သုံးယောက် ကျန်ခဲ့တော့လဲ
အားရှိရတာပေါ့လေ......

"အစ်ကိုနှစ်..."

အတွေးတွေ အဆုံးသတ်ပြီး
သက်ပြင်းချယုံရှိသေး...နေရာက
ထရပ်လိုက်တဲ့ ကျင်းကွမ်ယောင် ?...

"ကျွန်တော် ဂိုဏ်းကို စာပို့ရမှာ
မေ့နေတာ...အစ်ကိုနဲ့ ကျန်းဝမ်ရင်
ခဏ ပြောနှင့်ကြဦးနော်...ကျွန်တော်
ကျန်းဂိုဏ်းအတွက်လဲ စီစဉ်ပေးခဲ့မယ်...
အားလုံးပြီးသွားရင် ပြန်လာခဲ့မှာမို့
ညီတော့်ကို သွားခွင့်ပြုပါဦး..."
*အစ်ကိုတို့
ဒီအခန်းထဲမှာ တစ်ခုခုလုပ်ဖြစ်ခဲ့လို့
အားလုံးပြီးရင် ပြန်လာမယ်...*

လန်ရှီးချန်ကတော့ အရင်ကလို
နူးညံ့သိမ်မွေ့တဲ့ အပြုံးလေးနဲ့...

"ကောင်းပြီလေ...အားယောင်
အရင် သွားနှင့်ပါ...အစ်ကိုတို့
ခဏ စကားပြောနှင့်မယ်..."

"ဟမ် !! နေဦး နေဦး !!...
ကျင်းဂိုဏ်းချုပ် မင်းသွားလို့
မရဘူးလေ...ငါ တစ်ယောက်တည်း
နေခဲ့ရမှာလား ?..."

ဂိုဏ်းချုပ် အိနြေ္ဒထိန်းရမှာတွေ
ဘာတွေ ရှောင်စစ်မှာလိုက်တာလဲ
ဂရုမထားအား...ကျန်းချန် နေရာက
ထရပ်ပြီး တစ်ယောက်တည်းကို
ကျားတစ်ကောင်နဲ့ အခန်းထဲ အပိတ်ခံရတော့မဲ့
ပုံစံနဲ့ ပြောလိုက်တယ်...

My Brother Is Stupid Cupid 😤(Completed)Where stories live. Discover now