ဒုန်း !…
အဆောင်တံခါးကို အသံမြည်အောင်
တွန်းဖွင့်ပြီး ကျန်းချန် ထွက်လာတော့
နောက်က လှမ်းအော်တဲ့ ဝေ့ဝူရှန့်
အသံကို ကြားဖြစ်အောင် ကြားလိုက်ရသေးတယ်…"မင်း တစ်ယောက်ယောက်ကို
တွေ့မှ ဖြစ်မှာနော် !…မဟုတ်ရင်
ငါ ကျင်းလင်တို့ကို ခေါ်ပြီး…ယွင်မုန့်မှာ
လာနေပစ်လိုက်မှာ…အဲ့ဒီအခါကျ
လန်ကျန့်ကိုလဲ မင်း တာဝန်ယူ
ရှင်းရတော့မှာ…ငါနဲ့ ကျင်းလင်
ပြဿနာ ရှာရင်လဲ မင်းပဲ ရှင်းရမှာ…
ကျင်းလင်ရဲ့ ခွေးစုတ်ကိုလဲ မင်းပဲ
ရှင်းရမှာ…ငါ စားချင်တာတွေကိုလဲ
မင်းပဲ ချက်ကျွေးရ . . .""တော်စမ်း !…"
ရွှမ်း !…
အခန်းအပြင်ကနေ တိုင်ကို
ဇီတျန့်နဲ့ ပိတ်ရိုက်ပစ်လိုက်တော့
ခရမ်းရောင် လျှစ်စီးတွေထပြီး
ကြီးမားတဲ့ တိုင်လုံးကြီးကတော့
ကြာပွတ် ဒဏ်ရာကြီး ထင်သွားလေရဲ့…။"ငါ ဘယ်သူနဲ့မှ မတွေ့ဘူး !!…
မိန်းမတွေလဲ မလိုချင်ဘူး ! မင်းလိုမျိုး
ယောကျာ်းတစ်ယောက်ကိုလဲ လုံးဝ
သဘောမကျနိုင်ဘူး…ငါ့စီကို မင်းလူတွေ
လွှတ်ရဲလွှတ်ကြည့်စမ်း ! လွှတ်သမျှ
မိန်းမ ယောကျာ်း မရွေးဘူး…ဇီတျန်နဲ့
ရိုက်လွှတ်ပစ်မယ်…ငါ ကျန်းချန်
မလုပ်ရဲတာ မရှိဘူး !!…""ငါက မင်းအစ်ကိုလေ !…
ငါ့ကို မင်း လုပ်ရဲလား !!!…""ငါ့ စာရင်းမှာ မင်းထိပ်ဆုံးကပဲ !…"
"မင်း ! ကျန်းဝမ်ရင် !!…
မင်း ပြန်လာခဲ့စမ်း !! ငါ့ကို
ဘာဖြစ်တယ် ?…ကျန်းဝမ်ရင် !!…"အိပ်ရာက ခုန်ထလျှက် ကျန်းချန်ကို
အော်နေသော ဝေ့ဝူရှန့်အား လန်ကျန့်က
ပုခုံးကို လက်နဲ့ လှမ်းတို့ပြီး…"ဟိုက မကြားတော့ဘူး…"
"မင်း မရှည်ပါနဲ့ လန်ကျန့်ရဲ့ !…
ငါသိတယ်…မင်းကြည့်နေပါ…
ဒင်းကို ငါက အစက မိန်းမပဲ
ပေးစားချင်ခဲ့တာ…နူးနူးညံ့ညံ့နဲ့
အမေလို အစ်မလို သူ့အပေါ်
ကောင်းပေးမဲ့သူပေါ့…ဒါပေမဲ့
အခုတော့လား !!! ကြည့်နေပါ…
ယောကျာ်းကို ပေးစားပစ်မယ်…
ဒီလောက်ထိ ထိန်းရခက်တဲ့ ဒင်းကို
အပိုးကျိုးသွားအောင် လုပ်နိုင်မဲ့…
ဘယ်သူနဲ့ မဆို ငါက အစ်ကိုနေရာကနေ
သဘောတူ ပေးစားမယ်လို့ သတင်းထုတ်လိုက်စမ်းပါ လန်ကျန့်…"
YOU ARE READING
My Brother Is Stupid Cupid 😤(Completed)
RomanceZawgyi and Unicode. . Cover Photo crd#