"ကျွန်တော်က လူနာလာကြည့်တာနော်…
ခင်ဗျား ကျွန်တော့်ကို အခုလို လုပ်တာ
မှားနေတယ်…""ဒါပေမဲ့ ကိုယ်အခုလို ဖြစ်နေတာ
မင်းကြောင့်လေ…"ကျန်းချန် စိတ်တိုသွားရတယ်…
သို့သော်ငြား လန်ရှီးချန်နဲ့
ထိတွေ့နေရခြင်းက သူ့စိတ်ကိုလဲ
ဖောက်လွှဲဖောက်ပြန် ဖြစ်လာစေတာမို့
ကျန်းချန် တစ်ခုခုကို ဆုံးဖြတ်ဖို့က
အခက်တွေ့နေရသည်။"ကျွန်တော်…ကျွန်တော်
နေမကောင်းဘူး လန်ရှီးချန်…"မျက်နှာငယ်လေးနဲ့ သနားအောင်
လုပ်ကြည့်လိုက်တော့ လူကို ကိုင်ပြီး
နေရာက ထထိုင်လိုက်တဲ့ လန်ရှီးချန်…"ဝမ်ရင် နေမကောင်းဘူး !!…
ကိုယ့်ကိုပြော ဘယ်နားဘာဖြစ်လို့လဲ…
နာနေတာလား ? ဘယ်နေရာလဲ…"ကျန်းဝမ်ရင်ဆိုတဲ့ ကောင်လေးက
ဘယ်သူ့ရဲ့ ဦးလေးပဲ ဖြစ်ဖြစ်…
ဘယ်လောက် မြင့်မားတဲ့ အရာတွေကို
အုပ်ချုပ်နေပါစေဦး…ဘယ်လိုပဲ
ရင့်ကျက်တည်ငြိမ်လှပါတယ် ဆိုဆို…
ရှီးချန် မျက်လုံးထဲတော့ သူ့ညီအရွယ်
ဝမ်ရင်းဟာ သူ့အတွက် ဆိုးသွမ်းတဲ့
ချစ်စရာအတိနဲ့ မြတ်နိုးချင်စရာ
ကောင်ငယ်လေး တစ်ယောက်ပါပဲ…အခုလဲ သူ့ကို ကြည်လဲ့တဲ့
မျက်လုံးလှလှတွေနဲ့ ပြောလာတော့
သူ ယစ်မူးနေခဲ့တဲ့ ဆန္ဒဆိုတာကြီးလဲ
ကြက်ပျောက် ဌက်ပျောက်…
ဝမ်ရင်းကိုပဲ မထိရက် မကိုင်ရက်စွာ
စိုးရိမ်သွားခဲ့မိတယ်…"ကျွန်တော် နာနေတာပေါ့
ဇီတျန်လေ…ကျွန်တော့်ကို သစ်ပင်မှာ
အကြာကြီး တွဲလောင်းချိတ်ထားတာ…
သူကတော့ ကျရင် နာမှာဆိုးလို့ပေါ့…
ဒါပေမဲ့ ကျွန်တော့် ခါးမှာတော့ သူ့ရဲ့
ကြိုးစက နစ်ဝင်ပြီး သွေးတွေတောင်
ထွက်ထားတာ…အဲ့ဒါ ကျွန်တော် အခု
အရမ်းကို နာနေတုန်းပဲဗျာ…"ကျန်းချန် လိမ်ကောင်းကောင်းနဲ့
လိမ်လိုက်တယ်…လန်ရှီးချန် သူ့ကို
မထိရဲ မကိုင်ရဲ ဖြစ်ပြီး ပြူးပြာနေတာကို
သူ ကြိတ်ရယ်ချင်နေမိတယ်လေ…
ကျန်းချန် စိတ်ထဲ ရွှင်မြူးနေတုန်း…"ဘယ်လို ? အခုထိ နာနေတာလား…
ကိုယ်…ကိုယ်ကြည့်ပေးမယ်…
ဝမ်ရင်း ဒါကြောင့် ဒီနေ့ ဝတ်ရုံအပါး
ဝတ်လာတာလား ?…ကိုယ့်မှာ
ဦးရီးတော် ပေးထားတဲ့ အနာကျက်ဆေး
ရှိသေးတယ်…ကိုယ် လိမ်းပေးမယ်နော်…
ထပ် မနာစေရတော့ဘူး…"
YOU ARE READING
My Brother Is Stupid Cupid 😤(Completed)
RomanceZawgyi and Unicode. . Cover Photo crd#