9

4.9K 547 26
                                    

"အစ်ကို နှစ်…"

"အားယောင် ?…"

နံနက် နေမထွက်ခင်ပဲ
ဧည့်အဆောင်ထဲက ထွက်လိုက်တာနဲ့
မြင်ရတဲ့ ကျင်းကွမ်ယောင်ကြောင့်
ရှီးချန် အံ့အားတစ်သင့် ဖြစ်သွားရတယ်…

"မင်္ဂလာ နံနက်ခင်းပါ အစ်ကိုနှစ်…
ကျွန်တော့်ကို မြင်ရလို့ အံသြနေလား…"

"သေချာတာပေါ့ဗျာ…
အားယောင်က ဘယ်လိုလုပ်ပြီး
ယွင်မုန့်မှာ ရောက်နေရတာလဲ…
အစ်ကိုတောင် မသိလိုက်ရဘူး…"

ရှီးချန် အေးမြတဲ့ အပြုံးတစ်ပွင့်နဲ့
ညီငယ်လေးကို ပြောလိုက်တော့…

"ကျွန်တော် လန်ဂိုဏ်းမှာ…
အစ်ကိုနှစ် ကို တွေ့ဖို့ သွားခဲ့တယ်…
အဲ့ဒါ အားလင်က အစ်ကိုတော်
ယွင်မုန့်က ပြဿနာ တစ်ခုကို
သွားကူညီရင်း…ကျန်းဂိုဏ်းမှာ
ခဏတာ အနားယူပြီး ဧည့်သည်
လုပ်နေတယ်ဆိုလို့…အားလင်ကလဲ
ယွင်မုန့်ကို ပြန်ချင်နေတော့…အတူ
လိုက်ခဲ့ပါလို့ ဖိတ်ခေါ်တာနဲ့
မနေ့ညကပဲ ရောက်လာခဲ့တာ…
အခု မနက်မှ အစ်ကိုတော့်ကို
လာနှုတ်ခွန်းဆက်ရတယ်…"

အားယောင်ရဲ့ ရှင်းပြချက်တွေ
ဆုံးသွားတော့ ရှီးချန် နွေးထွေးတဲ့
အပြုံးတစ်ပွင့်နဲ့ ညီငယ်လေးကို
စနောက်လိုက်တယ်…

"အခုလို အစ်ကိုနှစ် နောက်ကို
လိုက်လာတယ်ဆိုပြီး…
လန်လင့်ကျင်းကနေ ဟိုဒီတွေ
ခရီးထွက်နေတာ…သေချာပေါက်
အစ်ကိုကြီးကို စိတ်ကောက်ထားလို့ပဲ
မဟုတ်လား ?…"

သူ့စကားမှာ လန်းဆန်းစွာ ပြုံးနေခဲ့တဲ့
အားယောင် မျက်နှာလေး မဲ့ကျသွားပြီး…

"မဟုတ်နိုင်တာဗျာ…ညီတော်က
ဘာကြောင့်များ အမြဲလိုလို
စိတ်ဆတ်ပြီး…လူကို ဆူပူဖို့ပဲ သိတဲ့
အဲ့ဒီ မကောင်းတဲ့ လူကြီးကို
စိတ်ကောက်ရမှာလဲ…စိတ်လဲ
မကောက်ရဲသလို…တစ်ကယ်လို့
စိတ်ကောက်ခဲ့ရင်တောင် သူကဖြင့်
အရေးလုပ် ဂရုစိုက်နေမှာမှ မဟုတ်တာ…
ကျွန်တော် မရှိလဲ သူကတော့
သတိတောင် ထားမိမှာ မဟုတ်ဘူး…"

ပြောရင်းနဲ့ကို မျက်နှာလေးက
ပိုပို ညှိုးကျလာတာ မသိရင်
ကိုယ့်အပေါ် နားလည်မပေးတဲ့
ချစ်ရသူကို အားမရနိုင်စွာဖြင့်
စိတ်ကောက် ဝမ်းနည်းနေတဲ့
မိန်းမပျိုလေးတစ်ဦး အလား……

My Brother Is Stupid Cupid 😤(Completed)Where stories live. Discover now