3

6K 620 68
                                    

စိတ်ကို တည်ငြိမ်အောင် ဘယ်လိုပဲ
ထားပေမဲ့ အပြင်မှာ ရောက်နေတဲ့
ဧည့်သည်တွေက ကိုယ့်ကြောင့်
ဝေ့ရင်း လျှောက်ဖိတ်ခိုင်းထားတာကို
သိသွားချိန်မှာ ကျန်းချန် စိတ်ထဲ
ဘယ်လိုမှ မတည်ငြိမ်နိုင်ဖြစ်ရသည်။

မျက်စိရှေ့က အေးမြတဲ့ အပြုံးနဲ့
တည်တည်ငြိမ်ငြိမ် ရေနွေးသောက်နေတဲ့
ဇယ်ဝူကျွင်းလဲ ကိုယ့်ကြောင့်နဲ့ အဲ့ဒီ
ဝေ့ရင်းရဲ့ အမွှေတွေကို တာဝန်ယူပြီး
ဖြေရှင်းနေရမှာ တွေးမိတော့ ကျန်းချန်
အမွှေစိန် ဝေ့ရင်းကို ဇီတျန်နဲ့သာ
ပြေးပြေးရိုက်ချင်စိတ် ပေါက်မိတယ်...
ဘယ်လောက် အားနာစရာကြီးလဲ ?...
စိတ်ညစ်တယ် တစ်ကယ် !!......

"ဟို ဇယ်ဝူကျွင်း..."

"ကျန်းဂိုဏ်းချုပ် ပြောပါ..."

ခေါ်ပြီးကာမှ ဘာပြောရမှန်း မသိတော့
ကျန်းချန် ခေါင်းစားရတယ်...

"ဟို ကျွန်တော် တောင်းပန်ချင်လို့ပါ...
အခု အပြင်က ဝေ့ရင်း လုပ်တာတွေက
ကျွန်တော့်အတွက် ရည်ရွယ်တာဆိုတော့...
ဇယ်ဝူကျွင်းတို့ အလုပ်များရပြီး...
ဖြေရှင်းရမှာတွေအတွက် အားနာမိပါရဲ့ဗျာ..."

လန်ရှီချန်က ရေနွေးခွက်ကို
အသာအယာ ပြန်ချပြီး ပြုံးတယ်...

"ကျန်းဂိုဏ်းချုပ်က ဝေ့သခင်လေးရဲ့
ညီတော်လဲ ဖြစ်တယ်...ပြောရရင်
ကျွန်တော်တို့က မိသားစုလိုပါပဲလေ...
ဒါကြောင့် ကျန်းဂိုဏ်းချုပ် အမြဲတမ်း
သူစိမ်းပြင်ပြင် အားနာပြီး
တောင်းပန်နေစရာ မလိုပါဘူးရယ်...
ကျွန်တော်ကလဲ ကျန်းဂိုဏ်းချုပ်အတွက်
တစ်စုံတစ်ယောက်ကို ကူညီပြီး
ရှာဖွေပေးနိုင်မယ်ဆိုရင် ဝမ်းသာမိမှာပါ..."

"ဟာဗျာ...ကျွန်တော် အဲ့ဒါတွေ
တစ်ကယ်ပဲ ဆန္ဒမရှိတာမို့...
ဇယ်ဝူကျွင်းကပါ ဝေ့ရင်းရဲ့
အတွေးဆိုးတွေကို သဘောမတူလိုက်ပါနဲ့...
မဟုတ်ရင် ကျွန်တော် ယွင်မုန့်မှာပဲ
ပုန်းအောင်းနေရလိမ့်တော့မယ်..."

ပြောရင်းက မသိမသာပေါ်လာတဲ့
ကျန်းချန်ရဲ့ ကလေးဆန်ဆန်
ငြီးငြူ ရှုံ့မဲ့မှု အနည်းငယ်ကြောင့်
လန်ရှီချန်ရဲ့ အပြုံးတွေ ပိုပြီး ပီပြင်လာရတယ်...

My Brother Is Stupid Cupid 😤(Completed)Where stories live. Discover now