10

5K 596 60
                                    

ဗလာအတိ ပြီးသော ကိုယ်ခန္ဓာ
နှစ်ခု၏ ထိစပ် ပူးကပ်သွားမှုမှာ
ရေမွန်းတာထက် ဆိုးသော…
သက်တမ်းတစ်လျှောက် ပထမဆုံးမှ
ပထမဆုံးအကြိမ် ထူးဆန်းတဲ့
ထိတ်လန့် ကြောက်ရွံ့သွားစိတ်နဲ့
တုန်ယင် ချိနဲ့ သွားတဲ့ ခွန်အားတွေက
လူကို ရင်ဘတ်ထဲက နှလုံးတစ်ခုလုံး
ပေါက်ထွက်လာမတတ် ခုန်လှုပ်စေပြီး
ပြာဝေသွားခဲ့ရသည်။

ထိုအချိန်အထိ ဖမ်းချုပ်ထားသော
လက်တစ်ဖက်နှင့် အချုပ်ခံထားရသော
လက်တစ်ဖက်ကဖြင့် ကွဲကွာမသွားသေး…

ပါးစပ်နဲ့ နှာခေါင်း နားရွက်တွေအထဲ
ဝင်သွားတဲ့ ရေတွေဟာ ရင်ဘတ်ထဲပါ
ဝင်ရောက်လာတဲ့အလား နှလုံးသားက
နစ်မွန်းသွားပြီး ထိစပ်မှုတွေမှ
ဖယ်ကွာအောင် အထိတ်တစ်လန့်
ရုန်းကန်မိသည်။

သို့သော်ငြား ရေထဲမှာဖြစ်နေပြီး
မလွှတ်ပေးဘဲ ထိန်းကိုင်ပေးနေတဲ့
လန်ရှီးချန်ကြောင့် ကွာမသွားတဲ့အပြင်
ရေအောက်မှာ ပိုပိုပြီး ထိစပ်
ပွတ်တိုက်မိလျှက်…
နောက်ဆုံး သိပ်မနက်တဲ့ ရေကန်မို့
လန်ရှီးချန်ရဲ့ ရင်ဘတ်ကို အမိအရ
ကန်ထုတ်နိုင်ခဲ့ပြီးမှ ရေပေါ်သို့
ပြန်ရောက်ရသည်။

ဗွမ်း !!……

"ဖူး*…အဟွတ်* အဟွတ်*…"

ရေတွေကို ထွေးထုတ်…
အသက်ကို လုရှူ ချောင်းတွေလဲ
ဆိုးပြီးရော လူက ဟောဟဲဆိုက်နေပြီ…
ဒေါသ အရှက် မာန မခံချင်စိတ်တွေ
ရင်ဘတ်ထဲမှာ စုပေါင်းသွားတော့
ဘေးမှာ မျက်နှာက ရေတွေ
သပ်ချနေတဲ့ လန်ရှီးချန်ကို ချက်ချင်းပဲ
ထသတ်တော့မဲ့ အကြည့်တွေနဲ့
ကြည့်လိုက်မိတယ်…

ထိကပ်ခဲ့တာတွေ ပြန်တွေးမိတော့
ရင်ထဲကနေ သံကုန် အော်ဟစ်ပြီး
ရှေ့က တရားခံကို အားရအောင်
ရိုက်နှက်ပစ်ချင်သွားတယ်…
တွေးရင်းနဲ့လဲ ကျန်းချန် ခန္ဓာကိုယ်က
ဒေါသကြောင့် တစ်ဆတ်ဆတ်တုန်လာပြီး
ကိုယ့်ကိုယ်ကို မသန့်ရှင်းတော့ဘူးလို့
ခံစားရတယ်…အထိအတွေ့ အာရုံကလဲ
ခုထိ ပူနွေးဆဲမို့ ထိန်းချုပ်မရတဲ့
မျက်နှာက အခုဆို ရဲရဲနီနေလောက်ပြီ…

My Brother Is Stupid Cupid 😤(Completed)Where stories live. Discover now