12

5.2K 622 101
                                    

"အစ်ကိုနှစ်..."

"အားယောင်..."

အနားလာ နှုတ်ဆက်တဲ့
ကျင်းကွမ်ယောင်ကို မြင်တော့
လန်ရှီးချန် မျက်နှာထက်တွင်
နွေးထွေးသော အပြုံးတစ်ပွင့်
ပြန်လည် ဖြစ်တည်လာသည်။

"အားယောင် ဒီရက်ထဲ
အစ်ကိုကြီးနဲ့ နေနေတာလား ?..."

သူ့အမေးမှာ အားယောင်က
ကြည်နူးစွာ ပြုံးပြီး ခေါင်းညှိမ့်ပြသည်။

"အစ်ကိုကြီး ဒီရက်ထဲ ကျွန်တော့်ကို
ဂရုစိုက်ပေးတယ် အစ်ကိုနှစ်...
ဟွိုက်ဆန်းရဲ့ မွေးနေ့အတွက်လဲ
ကူညီပေးချင်တာနဲ့ ဒီမှာပဲ နေဖြစ်သွားတာ...ဂိုဏ်းမှာလဲ
စီမံစရာ အရေးတွေ မရှိသေးတော့
အဆင်ပြေနေပါတယ်...အစ်ကိုရော ?...
ကျွန်တော် သတင်းတွေ သိနေရတယ်...
ယွင်မုန့်က ပြန်သွားပြီး နောက်ပိုင်း
အစ်ကိုနှစ် အရင်လို မဟုတ်တော့ဘူးတဲ့..."

ယွင်မုန့် အသံကြားမှ ရှီးချန်
အပြုံးတွေ ဖျော့တော့သွားလေရဲ့...

"အင်း. . . .အစ်ကို့ စိတ်တွေ
အဆင်မပြေဘူး..."

အစ်ကိုနှစ်လို လူက အခုလို
ပြောလာမယ်လို့ မထင်ခဲ့မိတာမို့
မုန့်ယောင် ခဏတာ ဘာပြန်ပြောရမှန်းမသိ...
သတင်းစကားတွေ ကြားနေရပေမဲ့
သူ့ရဲ့ အစ်ကိုနှစ်က ဘယ်တော့မှ
ပြောင်းလဲတတ်မဲ့သူ မဟုတ်ဘူးလို့
ယုံကြည်ခဲ့တာကြောင့် စိတ်ထဲမထားခဲ့တာ...

"အစ်ကို. .အစ်ကိုနှစ်ရဲ့ စိတ်ကို
အဆင်မပြေ ဖြစ်စေတာက. . .
ကျန်း ဂိုဏ်းချုပ်များလား......"

လန်ရှီးချန်က မလိမ်ညာတတ်သလို
သွေးသောက် ညီငယ်ဖြစ်တဲ့
အားယောင်အပေါ် အမြဲ ချစ်ခင်
အလိုလိုက်တာမို့ အခုလို သိနှင့်ပြီးသား
မေးခွန်းတစ်ခုကို အားယောင်အား
လိမ်ညာဖို့ စိတ်ကူးမရှိသောကြောင့်...

"အမှန်ပဲ......"

မုန့်ယောင် အမြဲ တွေးထင်ထားခဲ့တာက
ဒုတိယ အစ်ကိုတော် လန်ရှီးချန်ဟာ
တစ်နေ့နေ့မှာတော့ လန်မျိုးဆက်ကို
ထိန်းသိမ်းဖို့အတွက် မြင့်မြတ်တဲ့
သခင်မတစ်ပါးနဲ့ ရွှေလက်တွဲမယ်လို့ပေါ့...
အခုလို ညီဖြစ်သူနဲ့ စိတ်ချင်းတူပြီး
ယွင်မုန့်က ကျန်းမိသားစုရဲ့ ခေါင်းဆောင်
အမျိုးသား တစ်ယောက်ကို အာရုံထဲ
ရှိသွားခဲ့မယ်လို့ မုန့်ယောင်
အိပ်မက်တောင် မမက်ဖူးဘူး...

My Brother Is Stupid Cupid 😤(Completed)Where stories live. Discover now