18

5.2K 649 112
                                    

*ကျင့်ကြံခြင်းလောကရဲ့ ထိပ်ဆုံးမှာ
ဦးဆောင်ရပ်တည်နေတဲ့ ကူးစူးလန်ရဲ့
အရှင် ဇယ်ဝူကျွင်းနဲ့ ယွင်မုန့်ကျန်းရဲ့
ဂိုဏ်းချုပ် သခင်ကျန်းတို့ နှစ်ဦးသား
မှော်သားရဲကြီးတွေနဲ့ အတူတစ်ကွ
ချောက်နက်ထဲ ပြုတ်ကျသွားခဲ့တယ်…*

ထိုသတင်းက ကြားရသူတိုင်းကို
အံ့သြ တုန်လှုပ်ကာ မယုံကြည်နိုင်
ဖြစ်ရစေတယ်…လက်ရှိမှာတော့
ထို ချောက်ကမ်းပါမှသည် ချောက်ရဲ့
အောက်ဖက်သို့ အရှင်နှစ်ဦးအား
ဆင်းရှာဖွေရန်အတွက် ဂိုဏ်းနှစ်ဂိုဏ်းနှင့်
ရင်းနှီးသူများက ကူညီ ပူးပေါင်းကာ
ရှာဖွေနေခဲ့သည်တဲ့…

သို့သ်ာလဲ အပေါ်ကနေဆိုရင်
အောက်ခြေကိုတောင် မမြင်ရတဲ့အထိ
နက်ရှိုင်းနေတာမို့ ချက်ချင်း လိုက်ဆင်းပြီး
ကယ်နိုင်လောက်အောင်အထိ သူတို့မှာ
လွယ်ကူမနေခဲ့ချေ…ထိုကြောင့်
တောင်အောက်ကို ဆင်းနိုင်ဖို့
လမ်းကြောင်းကို ရှာဖွေပြီးမှ အင်အား
ဖြန့်ကျက်ကာ ကျယ်ပြောလှသော
ထိုတောင်အောက်ခြေကို ရောက်ဖို့တင်
တစ်နေ့တာ နီးနီး အချိန်ပေးလိုက်ရသည်။

သူတို့ကို မစောင့်နိုင်ဘဲ အရင်ဆုံး
ရှေ့က ဆင်းသွားသူတွေကတော့
ဇယ်ဝူကျွင်းရဲ့ ညီတော် ဟန်ကွမ်ကျွင်း…
ဟန်ကွမ်ကျွင်းရဲ့ စိတ်ရိုင်းဝင်နေသူ
တစ်ဦးလို နီရဲနေတဲ့ မျက်ဝန်းအစုံနဲ့
ဘာကိုမှ ဂရုမစိုက်တော့ဘဲ ချောက်ထဲ
လိုက်ခုန်ချဖို့ လုပ်ခဲ့တာကို မြင်ရတုန်းက
သူတို့မှာ စိတ်မကောင်း ဖြစ်ရသေးသည်။
ဟန်ကွမ်ကျွင်းနဲ့ အတူ ဝေ့ဝူရှန့်…
နျဲ့ဂိုဏ်းချုပ် ကျင်းဂိုဏ်းချုပ်နဲ့
နျဲ့ဟွိုက်ဆန်း ထို့နောက် လန်ဂိုဏ်းနဲ့
ကျန်းဂိုဏ်းမှ တပည့်အချို့ပါသွားသည်။

"လန်ကျန့်……"

ဝေ့ရင်းခေါ်လိုက်တော့ မထူးပေမဲ့
လန်ဝမ့်ကျီး လှည့်ကြည့်လာခဲ့သည်။
မျက်လုံးတွေက ဗလာဖြစ်နေဟန်နဲ့မို့
ကိုယ်တိုင်လဲ ငိုချင်နေပေမဲ့ ဝေ့ရင်း
လန်ကျန့်လက်ကို လှမ်းဆွဲပြီး ပြုံးပြလိုက်တယ်…

"ဇယ်ဝူကျွင်း အဆင်ပြေမှာပါ…
ကျန်းချန်ရောပဲ…"

လန်ဝမ့်ကျီးက ဘာမှမပြော…
သူတို့ ဆင်းလာတဲ့ အထဲမှာ
ကျင်းလင်နဲ့ စစ်ကျွေးတို့ ကျင်းရီတို့
မပါခဲ့ချေ…သူ ချစ်ရတဲ့ ဦးလေးက
ချောက်ထဲ ခုန်ဆင်းသွားတာကို
မြင်လိုက်ရတဲ့ ကျင်းလင်တစ်ယောက်
သတိမေ့သွားတဲ့အထိ ထိတ်လန့်
ငိုယိုခဲ့တာမို့ စစ်ကျွေးတို့က ထိုကလေးကို
လန်ဂိုဏ်းသို့ ပြန်ခေါ်သွားခဲ့ရတယ်…

My Brother Is Stupid Cupid 😤(Completed)Where stories live. Discover now