5

4.9K 544 24
                                    

"အ* ကျွတ် ကျွတ်..."

ကျောပြင်ထက်က ပြင်းထန်တဲ့
နာကျင်မှု တစ်ခုကြောင့် ငြီးငြူရင်း
ကျန်းချန် သတိပြန်လည်လာခဲ့တယ်...

"ဝမ်ရင် သတိရပြီလား..."

သတိလည်လည်ချင်း ကြားရတဲ့
နူးညံ့တဲ့ အသံရှင်ကို ကျန်းချန်
မမြင်ရသေးခင် မှတ်မိသွားတယ်...

"ဇယ် ဝူ ကျွင်း ?. . .ဟုတ်ကဲ့...
အ*...ကျွန်တော် ဘာဖြစ်သွားခဲ့. . . ."
O .O

မေးနေတဲ့ အသံက ရပ်တန့်သွားသလို
နိုးကာစမို့ မူးနောက်နောက်
ဖြစ်ချင်နေတဲ့ ခေါင်းကလဲ ကိုယ့်ရဲ့
လက်ရှိ အခြေအနေကြောင့် ချက်ချင်းလို
ကြည်လင်ပြီး ထိတ်လန့်သွားရသည်။

"ဇယ်ဝူကျွင်း ! ဒါက !..."

ဖြစ်နေတာက ရှုပ်ပွနေတဲ့
အခန်းတစ်ခုရဲ့ ထောင့်စွန်းက
ခုတင်ပေါ်မှာ အပေါ်ပိုင်း အဝတ်မဲ့စွာနဲ့
လှဲလျောင်းနေမိတဲ့ ကျန်းချန်နဲ့
ခုတင်စွန်းမှာ ထိုင်ပြီး လူးလဲ ထနေတဲ့
ကျန်းချန်ကို တွဲပဲပေးရမလို ဒီအတိုင်းပဲ
ကြည့်နေရမလိုနဲ့ ဝေခွဲမရဖြစ်နေသော
ကူစူးလန်ဂိုဏ်းရဲ့ အရှင်သခင် လန်ရှီးချန်...

"ဟို. . .ဝမ်ရင် စိတ်ကိုထိန်းပါ...
အခြေအနေက ရိုးရှင်းပါတယ်ဗျာ...
မင်းရဲ့ ကျောပြင်တစ်ခုလုံးမှာ ဒဏ်ရာ
အနာတစ်ရ ဖြစ်ထားလို့...အမြန်ဆုံး
သက်သာလာအောင် လန်ဂိုဏ်းရဲ့
အထူးဖော်စပ်ထားတဲ့...ဆေးတစ်မျိုး
လိမ်းကျံပေးမလို့ရယ်ပါ...နိုးနိုးချင်းကို
စိတ်အရမ်း မလှုပ်ရှားပါနဲ့...ဆေးက
အခုထိ သေချာမလိမ်းရသေးဘူး...
မင်း နာကျင်နေဦးမှာပေါ့..."

ကျန်းချန်မှာ အခုအခြေအနေကို
ဘယ်လိုမှ လက်မခံနိုင်ဖြစ်ရပြီး
လန်ရှီချန်ကို အော်ပစ်လိုက်သည်။

"ဘယ်သူက စိတ်လှုပ်ရှားနေလို့လဲဗျ...
ဘာအတွက် စိတ်လှုပ်ရှားရမှာလဲ ?!...
နာကျင်မှု အနည်းငယ်ကိုတောင်
ခံနိုင်ရည် မရှိတဲ့ ကိုယ့်ကိုယ်ကို
စိတ်တိုမိယုံပါ...ဒါတွေ ထားလိုက်ပါတော့...
ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ဝတ်ရုံကို
ဇယ်ဝူကျွင်း အမြန်ဆုံး ကူညီပြီး
ယူပေးလို့ ရမလား..."

စိတ်တိုနေချိန်မှာတော့
ကျန်းဝမ်ရင်ဆိုတာ လန်ရှီးချန် မပြောနဲ့
လန်ဝမ့်ကျီး ဖြစ်ဖြစ် သူတို့ ဦးလေး
လန်ချီရမ် ဆိုရင်တောင် လာမလုပ်နဲ့
အော်ထုတ်ရဲတယ်... :/
ဒါပေမဲ့လဲ သူက ကိုယ့်ကို ကူညီခဲ့တဲ့
ကျေးဇူးရှင်မို့ စိတ်ကို ပြန်လျှော့ချရတယ်...

My Brother Is Stupid Cupid 😤(Completed)Where stories live. Discover now