part 1

27.2K 1.1K 35
                                    


"ဟျောင့်....
နိုင်း...ခေါ်နေတယ်လေ "

နိုင်းမကြားချင်ယောင်သာဆောင်ပြီး
မုန့်ဈေးတန်းဘက် မပြေးရုံတမယ်လှမ်းခဲ့သည်
နိုင်းသူနဲ့မတွေ့ချင်ပါ သူကတစ်ချိန်ကတော့
နိုင်းသူငယ်ချင်းဆိုပါတော့
ခုတော့မဟုတ်တော့ဘူးလေ

အဲဒီဘောပြားမက bl ကားတွေအကြည့်များပြီး
ဘောပြားဖြစ်နေတာတောင် နိုင်းကိုယိသဲ့သဲ့နဲ့
ဘာတဲ့ ကိုယ့်ရဲ့ukeလေးဖြစ်ပေးနိုင်မလားတဲ့

ဖြီး....

ရွံချက်ဆိုတာ ပြောမနေနဲ့

နိုင်း တစ်ယောက်တည်း နောင်လှည့်မကြည့်ရေးလုပ်ပြီး
အတွေးပေါင်းစုံနဲ့လျောက်လာတုန်း
လူတစ်ယောက်နဲ့ ဝင်တိုက်မိတော့သည်

နိုင်းဆိုတဲ့ ကျနော်ကအဲလိုပါပဲ

"အား...ကုန်ပါပြီ ကုန်ပါပြီ
အမေမွေးတုန်းအကောင်းတိုင်းရှိတဲ့ ငါ့နှာခေါင်းလေး"

တစ်ဖက်လူရဲ့ ရင်ဘက်နဲ့ပြစ်ဆောင့်မိတဲ့ နှာခေါင်းကို
လက်နဲ့အုပ်ပြီး ခေါင်းမော့ထားရင်း
နိုင်းညီးထွားလိုက်သည်

"ကျစ်....
တိုက်တဲ့အရှိန်က အဲလောက်မပြင်းပဲနဲ့"

တစ်ဖက်လူက ခပ်တိုးတိုးပြောပေမယ့်
နားပါးတဲ့ နိုင်းကတော့ ကြားဖြစ်အောင်ကိုကြားလိုက်သေးသည်

နိုင်းကို ဒီလိုလာချိုးလို့ရမယ်ထင်လား
နိုင်းတဲ့နော် နာမည်တောင် တစ်လုံးထဲ ဟမ့်..

နိုင်း နှာခေါင်းကို လက်နဲ့အုပ်ထားရင်းနဲ့
တစ်ဖက်လူကို မျက်လုံးကျွတ်မတတ်ကြည့်လိုက်ပြီး

"ဟျောင့် လောရှည်
လူတစ်ယောက်လုံးလာနေတာမမြင်ဘူးလား
ကန်းနေရင်လည်း မျက်မှန်လေးဘာလေးတပ်ရတယ်ကွ "

ဆက်ကြွေ ရှေ့က ခုန်ခုန်ပြီး ရန်ထောင်နေတဲ့ ငလက်မကိုကြည့်ပြီး လေပူတစ်ချက်မူတ်ထုတ်လိုက်သည်
မနက်ထဲက စိတ်ကမှကြည်မနေပါဘူးဆို
ဒရမ်မာတွေ လာချိုးနေတယ်

"ဘာလုပ်ပေးရမှာလဲ အဲတော့"

နိုင်း စကားတောင်စွံအသွားတယ်
စကားပြောပုံကိုက ဒေါင့်မကျိုးပုံများ

So love you💗 So love me (Completed ) Where stories live. Discover now