part 2

11.8K 788 15
                                    


"နင်တို့တွေ ဒီနှစ်ထပ်ကျလို့ကတော့
ကျောင်းမှာလက်မခံတော့ဘူးနော်"

အတန်းပိုင် ဆရာမ ဒေါ်တင်တင်လှ စကားကြောင့်
သုံးယောက်သား ဇာက်လေးတွေပုဝင်ကာ
ကျောက်ရုပ်တွေလို ငြိမ်သက်နေရသည်

ဒီလိုပါပဲ လုပ်ချင်တာလုပ်ထားပြီးရင်
ဒီလောက်တော့အဆူခံရမှာပေါ့လေ

ထိုကဲ့သို့ နှလုံးသွင်းရင်းပဲ
သုံးဦးလုံး 8တန်း နှစ်ခါကျခဲ့ခြင်းပင်

"သွား သွား
နင်တို့မျက်နှာတွေ ကျက်သရေကိုမရှိဘူး"

ဒေါ်တင်တင်လှ စိတ်ကုန်စွာအော်လိုက်တော့
မခုတ်တတ်တဲ့ကြောင်လေးတွေလို
သူ့တို့ဖို့သတ်မှတ်ထားတဲ့ နောက်ဆုံးခုံမှာ သွားပြန်ထိုင်တဲ့ သုံးယောက်ရယ်ပါ

ဒေါ်တင်တင်လှ ထိုကလေးတွေကို
မည်သို့ဆုံးမရမည်မှန်းမသိတော့
ပြောတဲ့သူကသာမောသွားမယ် ဘယ်ဘက်နားကဝင်ရင် ညာဘက်နားက ပြန်ထွက်သွားပုံရသည်

8တန်းစတတ်ကတည်းက သူ့အခန်းမှာရောက်နေခဲ့ပြီး
နှစ်နှစ်ကျခဲ့ပြီးတာတောင် သူ့အခန်းမှာပဲနေသည်
ပထမနှစ်က တိမ်တစ်ယောက် ဆေးရုံတင်ထားရလို့
စားမေးပွဲကြီး လာမဖြေနိုင်တာနဲ့ပဲ
ကျန်နှစ်ယောက်ပါမလာခဲ့ပေ

ဒုတိယနှစ်ကျတော့လည်း
သုံးယောက်လုံး စာမကျက်ရသေးလို့ဆိုပြီး
အတန်းတင်စာမေးပွဲရက်တွေမှာ ကျောင်းပြေးသည်တဲ့

ဒီနှစ်လည်း နှစ်ဝတ်ရောက်နေပြီ
သုံးယောက်လုံးအချိုးကမပြောင်းပေ
မကြာခင် နှစ်ဝတ်စာမေးပွဲစစ်တော့မည်
ဒီတိုင်းဆို ဒီနှစ်လည်း ဒီသုံးယောက် 9တန်းတတ်ဖို့လမ်းမမြင်ရပေ

ဒေါ်တင်တင်လှ သက်ပျင်းမောကြီးသာချရင်း
သုံးယောက်ကို လှမ်းသာကြည့်နေမိသည်
နိုင်းနဲ့တိမ်က ယောက်ကျားလေးတွေမို့ ပြောမရသည်ကထားတော့ လွှာက မိန်းကလေးဖြစ်ပြီး
သုံးယောက်ထဲတွင် ခေါင်းဆောင်ဖြစ်နေသည်

သူများတွေ ယောက်ကျားလေး မိန်းကလေးခွဲထိုင်ကျပေမယ့်
သူတို့က တစ်ခုံထဲမှာထိုင်သည်
အတန်းခုံတစ်ခုံကို လေးယောက်ထိုင်ရမည်ဖြစ်ပေမယ့်
သူတို့က သုံးယောက်သာထိုင်သည်
သူတို့ခုံ တခြားတစ်ယောက်ပို့ရင် မနေနိုင်အောင်
အနိုင်ကျင့်လွှတ်သေးသည်

So love you💗 So love me (Completed ) Место, где живут истории. Откройте их для себя