ဆက်ကြွေ အပြင်ကပြန်လာတော့ ညနေစောင်းစောင်းတောင်ရောက်နေပြီ။
နိုင်းအတွက်ရေခဲမုန့်ဝယ်တာမလို့ အိမ်ထဲဝင်ဖို့သာစိတ်ကလောနေသည်။"ဆက်ကြွေ...."
ကားပေါ်ကခြေတဖက်ချနေတုန်းရှိသေး ထွက်ပေါ်လာတဲ့အသံတစ်သံကြောင့် ဆက်ကြွေလူပ်ရှားမူတွေရပ်တန့်သွားရသည်။
ဒီအသံက......။
စဉ်းစားဖို့မလိုအပ်စွာ နှလုံးသားထဲကနေဦးနှောက်ထဲထိ အလွတ်ရနေခဲ့တဲ့ဒီအသံက.....
အလင်္ကာ......
သေချာပါသည် သူမှသူအစစ် ကြည့်နေစရာတောင်လိုမယ်မထင် ။
မကြည့်သေးပဲ ကားပေါ်ကနေအရင်ဆင်းလိုက်ပြီး တံခါးလှည့်ပိတ်သလိုနဲ့နောက်ကျောပေးထားမိသည်။
"ဝါး...ရေခဲမုန့်လား
ငါစားလို့ရတယ်မလား""သြော့...အင်း"
ခွင့်ပြုချက်ရတာနဲ့ လက်ထဲကရေခဲမုန့်ဗူးတွေကိုဆွဲယူသွားသည့် သူမ။
ဆက်ကြွေကြည့်လိုက်မိသည်။
ပေါင်လယ်လောက်သာရှိသည့် နက်ပြာရောင်ဂါဝန်နဲ့လည်ပင်းကလည်း လိုသည်ထက်ပိုဟိုက်နေသည်။
ရွှေအိုရောင်ရင့်ရင့်ဆံပင်တွေကထူသည်မို့ထင် လိပ်ထားပေမယ့် အုပ်စိုင်းလို့။
အမြဲတမ်းအနီရင့်ရင့်နုတ်ခမ်းနီပဲဆိုးတတ်သည့်အကျင့်ကလည်းခုထိရှိနေတုန်းပင်။"ဘာငေးနေတာလဲ အထဲဝင်မယ်လေ"
ပြောပြောဆိုဆိုနဲ့ လက်လာချိတ်သည့်သူမကိုငြင်းဆန်ဖို့အားကမရှိ။
အသက်မဲ့နေသူလိုသူမဆွဲခေါ်သည့်နောက်ပါလာခဲရ့သည်။
အိမ်ထဲရောက်သည်နှင့် မမြင်ချင်ဆုံးသော လူတစ်ယောက်ကစီးကြိုနေလေရဲ့။"ကိုကို....."
ချိတ်ထားသည့်လတ်ကိုဖြုတ်ပြီးထိုလူစီပြေးသွားသည့်သူမ။
ဆက်ကြွေ နာကျင်သွာပြုံးလိုက်မိသည်။"ကိုကို ဆက်ကြွေကရေခဲမုန့်ဝယ်လာတယ်တဲ့ ကိုကိုရောစားဦးမလား"
"တော်ပါပြီ အလင်္ကာ ပဲစားပါ"
တမင်အကဲပိုစွာ ဆက်ကြွေရှေ့မှာတင်ဖတ်ပြီးကြည်နူးပြနေသည့်
ိထိုလူ့အကြည့်တွေကအောင်နိုင်သူလိုမျိုး.....။
YOU ARE READING
So love you💗 So love me (Completed )