ဒီနေ့ကိုစိုင်းတို့ပြန်ကျမည်။ဦးတူးကလိုက်ပို့မှာမလို့ ပစ္စည်းတွေသေချာစစ်နေလေရဲ့။
"အဖိုးကိုသတိရတယ်လို့ပြောပေးပါ"
ဆက်ကြွေစကားကြောင့် ကိုစိုင်းကပြုံးလာသည်။ ထိုအပြုံးကထူးဆန်းသည် နူးညံ့နေပေမယ့်ချိုမှိန်ခြင်းမရှိတဲ့အပြုံးမျိုး။ ငယ်ငယ်ကကိုစိုင်းကိုအမြဲပြုံးနေတတ်လို့ ပျော်ပျော်နေတတ်တာဟုထင်ခဲ့ဖူးပေမယ့် အပြုံးတွေမှာအရောင်တွေပါတာကိုတော့ တကယ်ပင်သတိမထားမိခဲ့ပါပေ။
ကိုစိုင်းက ဆက်ကြွေပုခုံးကိုခပ်ဖွဖွပုတ်လာရင်း
"မင်းလည်းကျောင်းပိတ်ရင်လာလည်ဦး အဖိုးကမင်းကိုအချစ်ဆုံးပဲသိတယ်မလား"
လုပ်ယူထားတဲ့အပြုံးမျိုး ကွယ်လျိုးနေတဲ့အမုန်းတရားတွေ ဘယ်လျောက်များများနေလိုက်မလဲ
ကိုစိုင်းကိုအရမ်းချစ်ခဲ့တဲ့အဖိုးက သားဖြစ်သူရဲ့နောက်မိန်းမနဲ့ရတဲ့ကလေးရမှ ပြောင်းလဲသွားပြီး ဆက်ကြွေတစ်ယောက်ကိုသာအချစ်ပိုခဲ့သည်။
ဒါတောင် ကိုစိုင်းက အဖိုးမကြည်လည်းအဖိုးနားမှာနေနေတုန်းပင်။"ဒီနှစ်ကျောင်းပိတ်ရင်လာလည်ပါ့မယ်"
ဆက်ကြွေစကားအဆုံး နာမည်ခေါ်ပြီးရင်ခွင်ထဲပြေးဝင်လာသည့်သူမ...
"ဆက်ကြွေ...."
ခါးကိုတင်းနေအောင်ဖတ်ထားပြီး ရင်ဘတ်ထဲထဲခေါင်းမြုပ်ထားသည့်သူမက ဘာမှမသိတဲ့ ကလေးငယ်လေးလိုမျိုး...
သိသိသာသာမျက်နှာပျက်သွားတဲ့ကိုစိုင်းက ဟန်ဆောင်ပြုံးနေသည်ကိုဆက်ကြွေမသိချင်လည်းသိနေသည်။
ပြန်ဖတ်လိုက်ချင်ပေမယ့် ထွေးပွေ့လိုက်ချင်ပေမယ့်
မဆိုင်တော့ပြီမို့ ပုခုံးကိုကိုင်သလိုနဲ့ရင်ခွင်ထဲကနေ မသိမသာလေးဆွဲထုတ်လိုက်ရသည်။သူမက တာ့တာပြလာရင်း ပျော်ရွှင်စွာပြောလာသည်
"ငါတို့ပြန်တော့မယ် "
"အ..အင်း"
ဆက်ကြွေပြန်ဖြေသံတောင်ကြားမှာမဟုတ်တော့ နှစ်ယောက်လုံးကားပေါ်တတ်သွားကျသည်။
ကားလေးခြံထဲကထွက်သွားသည့်အထိ ဆက်ကြွေငိုင်နေမိသည်။
သိပ်မခံစားရတော့ဘူးဆိုသည့်တိုင် သူမကိုကိုစိုင်းဘေးမှာမြင်လိုက်ရတိုင်း တွေဝေသွားတတ်တဲ့ ကိုယ့်ကိုယ်လည်းမုန်းသည်။
သူငယ်ချင်းအဆင့်ကနေလက်တွဲခဲ့ကျပြီး နားလည်မူအပြည့်နဲ့ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခဲ့ကျပေမယ့်
ဘာတွေဖြစ်သွားလဲတောင်မမှတ်မိချင်တော့။
YOU ARE READING
So love you💗 So love me (Completed )