ဒီနေ့ ကျောင်းသွားရမှာပဲ...။အသိနဲ့အတူ ဆက်ကြွေ မျက်လုံးတွေမဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်လိုက်ရသည်။
နှစ်ဝတ်စာမေးပွဲလည်းနီးနေတာမို့ မနက်ခင်းကျူရှင်ကိုလည်းမပျက်ချင်ပါ။
အကြောမျိုးစုံဆန့်နေရင်းနဲ့ပဲ အိပ်ရာပေါကဆင်းလာကာ လိုက်ကာအဖြူကိုဖွင့်လိုက်တော့ နေရောင်မတောက်သေးပေမယ့်
မပွင့်သေးတဲ့မျက်လုံးတွေက အလင်းအားကိုခံနိုင်မရှိတာကြောင့် ပြန်မှိတ်လိုက်ရသည်။
မှိတ်ပြီဆိုမှတော့ တော်တော်နဲ့ဖွင့်မရ
ဒီနေ့မှပဲ အရမ်းကိုအိပ်ချင်နေသလိုပင်။အား...! တနလ်ာနေ့ကိုမုန်းလိုက်တာ...။
မဖြစ်သေးပါဘူးဆိုတဲ့အသိနဲ့ မျက်လုံးတွေကြိုးစားဖွင့်ရင်း
အလင်းရောင်နဲ့မှိတ်ဆက်ပေးလိုက်သည်။
ကောင်းကင်က ကြင်လင်နေပေမယ့် တအားလင်းချင်းနေတာမျိုးမဟုတ်ပဲ ကြည့်လို့ကောင်းတယ်ဆိုရုံလေး...ဟိုကုတ်ဒီကုတ်လုပ်နေရင်း မျက်လုံးကလည်းငြိမ်ငြိမ်မနေ ခြံထဲကိုပါဝေ့ပတ်ကြည့်နေသည်။
ပန်းပင်ကြားထဲမှာ မထင်မရှားပုံရိပ်လေးက နိူင်းနဲ့ပင်တူသလိုလိုရှိနေတာကြောင့် ဆက်ကြွေမျက်လုံးတွေပွတ်သပ်ရင်း သေချာပြူးပြဲကြည်လိုက်တော့
တူတာမဟုတ် တကယ်ကြီးနိူင်းပါတဲ့။ပန်းအိုးတွေနားထိုင်ပြီး လူပ်စိလူပ်စိလုပ်နေပုံထောက်တော့
ပန်းခူးနေတာမဟုတ်ရင်တောင် မြေဆွနေတာပဲဖြစ်ရမည်။ဒီဂျပုကောင်ကတော့...
ဘယ်တော့မှပြောစကားနားမထောင်ဘူး..။ဆက်ကြွေ ထိုမြင်ကွင်းကိုကြည့်ကောင်းကောင်းနဲ့ကြည့်နေမိပြီး
မနက်ခင်းပြေးဖို့တောင်သတိမရတော့။
ပြုံးမိနေတယ်ဆိုတာတောင် သိမယ်မထင်ပေ။သို့သော် မကြာလိုက်
ကြည့်ကောင်းတဲ့မြင်ကွင်းလေးက ရုတ်တရက်အကျည်းတန်သွားရသည်။အလက်ာက နိူင်းနားသွားပြီးဘာတွေပြောနေသည်မသိ
ကြည့်ရတာတော့ အကောင်းမဖြစ်နိုင်ပေ။
မကောင်းတဲ့အငွေ့သက်တွေရနေတာမို့ ဆက်ကြွေညအိပ်ဝတ်စုံကြီးတောင်မလဲနိူင်ပဲ ချက်ခြင်းပြေးသွားမိသည်။
YOU ARE READING
So love you💗 So love me (Completed )