part 24

7.7K 637 9
                                    


နိုင်း မသိမသာလေးနောက်ဆုတ်မိသွားသည်။
အမေတဲ့လား...။ဆက်ကြွေရဲ့အမေတဲ့..။
ဆက်ကြွေနဲ့နိုင်းရဲ့ဆက်ဆံရေးကိုသာ
သိသွားရင် လက်ခံနိုင်ပါ့မလား။
သေချာပေါက်လက်မခံနိုင်လောက်ဘူး..။

တင်းကျုပ်စွာဆုပ်ကိုင်လာသည့်လက်ကြောင့် ဆက်ကြွေနိုင်းကိုငဲ့စောင်းကြည့်မိလိုက်သည်။
မဟုတ်မှ ဒီကလေး တွေးကြောက်နေပြန်တာများလား။

"ကိုယ့်အမေဆိုပေမယ့် စိုးရိမ်ဖို့မလိုဘူး"

ကြောက်နေတဲ့နိုင်းအား ဆက်ကြွေပြုံးပြရင်းပြောနေတုန်း အမေဖြစ်သူရဲ့ ​ဒေါပွသံကြီးက မဆိုင်းမကွထွက်လာတော့သည်။

"ကောင်းလိုက်တဲ့သားလေး..
မတွေ့တာကြာတဲ့အမေကို ​စေ့စေ့ကြည့်ပါဦးလား မင်းသူငယ်ချင်းလောက်တောင် အမေကအရေးမပါတော့ဘူးလား"

မျက်စောင်းထိုးနေပုံက စိတ်ဆိုးနေပုံမပေါက်ပဲ ချစ်ဖို့ကောင်းနေသည်။မျက်စောင်းလှလှလေးတွေကို ဆက်ကြွေပြုံးကာတုံ့ပြန်လိုက်ရင်းပြန်ပြောလိုက်သည်။

"သူငယ်ချင်းမဟုတ်ပါဘူး ကျနော့်ကောင်လေး"

ထိုအခါ နိုင်းရဲ့စိုးရိမ်သလို သတိပေးသံလေးကမဆိုင်းမကွနှင့်

"ဆက်ကြွေ...."

စိုးရိမ်ဖို့မလိုကြောင်းကို ဆက်ကြွေအကြည့်တွေနဲ့ပြောနေတုန်း

"ဘာပဲဖြစ်ဖြစ်ပေါ့...ဒီအမေကိုမလွမ်းဘူးလား အမေကသတိတွေရနေတာ"

ဆက်ကြွေကိုလာဖတ်တာကြောင့် နိုင်းလက်တွဲထားသည်ကိုဖြုတ်ပြီး နောက်ဆုတ်ပေးလိုက်ရသည်။

"အမေ့သားလေးကချောလိုက်တာ အရပ်ပိုထွက်လာတယ် ခန္ဓာကိုယ်လည်းပိုတောင့်လာတယ် ကောင်မလေးအကြိုက်..အဲ "

သူမက တစ်ခုခုသတိရဟန်ဖြင့် စကားပြောနေရင်းကရပ်ကာ နိုင်းအားပြီတီတီအကြည့်နဲ့ကြည့်လာပြီး..

"ကောင်လေးတွေအကြိုက်ပေါ့."

ဘာကိုဆိုလိုမှန်းနိုင်းနားမလည်ပေမယ့် သူမကနိုင်းကိုပြောသည်ကိုတော့နိုင်းသိသည်။
သူမပုံကြည့်ရတာ သိပ်ကြီးဆိုးမဲ့ပုံမရှိပဲပွင့်လင်းကာဖော်ရွေမည့်ပုံရတာကြောင့် နည်းနည်းတော့စိတ်သက်သာရသည်။

So love you💗 So love me (Completed ) Opowieści tętniące życiem. Odkryj je teraz